Posts

Showing posts from February, 2020
တကယ်တမ်းကျ အကိုတို့ တစ်ယောက်နဲ့တစ်ယောက် အရွေ့တစ်ခုစီမှာ မလိုအပ်ပဲ ထိခိုက်ကြမိတဲ့အခါ လိုအပ်သည်ဖြစ်စေ မဖြစ်စေ အချင်းချင်း လေးလံနေတာတွေ ပေါ့သွားစေလိုတဲ့သဘောနဲ့  တောင်းပန်ခြင်းအမှုကို ပြုသင့်တယ် မဟုတ်လား၊ ညီမလေး ...
ကျွန်တော်တို့ဟာ ဘယ်နေရာမှာမဆို အမြဲတစေ  ရိုးသားသင့်တယ်လို့ ကျွန်တော်ထင်တယ်  အထူးသဖြင့် ချစ်ခြင်းတရားပေါ့ သဘောကျတာကို ကျတယ် သဘောမကျတာကို မကျဘူးလို့  သတ္တိရှိရှိပြောရဲမယ့် တစ်နေ့နေ့ပေါ့  ..
အဆင်ပြေလားလို့မေးရင်  တကယ်က အဆင်ပြေနေတာ မဟုတ်ဘူး ဒါပေမယ့် အဆင်ပြေပါတယ်ဆိုပြီး လိမ်နေရတာ တကယ်တမ်းကျ အဆင်ပြေမပြေဆိုတာထက် အစစအရာရာ အဆင်ပြေအောင် ပျော်အောင် နေသားကျအောင်နေနေကြောင်း အရိုးသားဆုံးနဲ့ အေးအေးဆေးဆေးပဲ အမှန်အတိုင်း ပြောဖြစ်တော့တယ်
ကိုယ် ချစ်တဲ့သူကို တခုတလေလောက်များ ပြောခွင့်ရခဲ့မယ်ဆိုရင် လူတွေကို နားလည်ရတာ ဘယ်လောက်ပင်ပန်းကြောင်း၊ ဘယ်သူ့ကိုမှ နားလည်ဖို့ မကြိုးစားသင့်ကြောင်း၊ လူတိုင်းဟာ ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်နေကြတာဖြစ်ကြောင်း၊ မင်းရဲ့စိတ်နဲ့ ကိုယ်ချစ်တဲ့သူတွေကို မရှင်သန်စေသင့်ကြောင်း၊ လူတွေက သိပ်ကြောက်ဖို့ကောင်းကြောင်း၊ အချစ်ဆိုတာ လုပ်ယူလို့မရကြောင်း စသဖြင့်၊ ပြီးရင် အားလုံးကို နားလည်သွားပြီး ဘယ်အရာကိုမှ ပင်ပင်ပန်းပန်း ခံစားမနေတော့ကြောင်း၊ အရာရာဟာ ဘယ်တော့မှမမြဲကြောင်း၊ အားလုံးကို အနိုင်ပိုင်းတဲ့ပုံစံနဲ့ ပြောဖြစ်မယ် ထင်တယ်
ကိုယ်ချစ်တဲ့သူရဲ့ အချစ်ခံရတာ ဘယ်လောက်ကောင်းကြောင်းသိသလို ကိုယ့်ကို လုံးဝပြန်မချစ်နိုင်တော့တဲ့သူတစ်ယောက်ကို ချစ်နေရတာ ဘယ်လောက်ပင်ပန်းမှန်းလည်းသိတယ်
ဟိုအရင်တုန်းက သူ့ကို  "လောကမှာ မင်း ဘာကို အကြောက်ဆုံးလဲ" လို့ မေးကြည့်ဖူးတယ် သူက ဖြေတယ် ..... "ကိုယ် အကြောက်ဆုံးအရာ ဘာလဲဆိုတာ တခြားသူသိသွားမှာ အကြောက်ဆုံး" တဲ့ သူက ပြန်မေးတယ် .... "မင်းရော" တဲ့ "ငါကတော့ ကိုယ် ဘယ်လိုကျရှုံးပြီး ပြိုလဲသွားတယ်ဆိုတာကို တခြားသူသိသွားမှာ အကြောက်ဆုံးပဲ ၊ တကယ်လို့ ကျရှုံးခဲ့မယ်ဆိုရင်တောင် ဘယ်သူမှမသိခင်အချိန်လေးမှာ တိတ်တဆိတ်ကျရှုံးလိုက်ပြီး အပြုံးလေးနဲ့ပဲ ကိုယ့်ကိုယ်ကို ခပ်မြန်မြန် ပြန်တည်ဆောက်ပြလိုက်ချင်တာ"
ကိုယ့်ကို တစ်ပါးသူ စိတ်နာသွားအောင်ဆိုတဲ့ ခေါင်းစဉ်မယ်မယ်ရရမရှိပဲနဲ့ စိတ်နာအောင်လုပ်လိုက်ရတာ ပင်ပန်းသလိုမျိုးပဲ ကိုယ့်ကိုယ်ကိုလည်း စိတ်အနာတရဖြစ်အောင် ဆက်တိုက်လုပ်နေမိတာက ဆိုးရွားလွန်းပါတယ် တစ်ယောက်ယောက်က ပျော်လားလို့ မေးလာခဲ့ရင်လည်း မပျော်ခဲ့ရပဲနဲ့ ပျော်ခဲ့ရပါတယ်လို့ ဟန်ဆောင်ပြီး ဖြေလိုက်ရတာက အကျင့်တစ်ခုလို ဖြစ်နေခဲ့တယ် တခြားတစ်ယောက်ကို ဟန်ဆောင်ပြီး ဆက်ဆံရတာဟာ အပြစ်တစ်ခုလို့ ပြောချင်ရင် ပြောနိုင်တယ်ဆိုပေမယ့် အဲ့ဒီလိုဟန်ဆောင်လိုက်တာဟာ ကိုယ့်ကိုယ်ကို ပြန်လိမ်နေရတာလောက်တော့ မဆိုးသေးဘူးမလား ......
ကိုယ့်ကို လူတွေက နာမည်အမျိုးမျိုး အဓိပ္ပာယ်အမျိုးမျိုး လာတပ်ကြလိမ့်မယ် အဲ့ဒီ အဓိပ္ပာယ်တွေကို လက်ခံ မခံက ကိုယ့်အပေါ်မှာပဲ မူတည်တယ် ကိုယ်ပေးထားတဲ့ခေါင်းစဉ်အောက်မှာပဲ ကိုယ့်ဘဝကိုယ် ရှင်သန်အောင် မွေးမြူမယ် ဘယ်သူက ဘယ်လိုမျိုး ဘယ်လိုပုံစံ နာမည် လာတပ်တာကိုမှ လက်ခံစရာမလိုဘူး ချီးကျူးတာကို မြောက်တက်စရာမလိုသလို ကဲ့ရဲ့တာကိုလည်း ဝမ်းနည်းနေစရာမလိုဘူး ကိုယ်ဟာ ကိုယ့်ဘဝမှာ အရှင်သခင်ပဲ ကိုယ်ကြိုက်ရာလမ်း ကိုယ်ရွေးပိုင်ခွင့်ရှိတယ် ကိုယ် စိတ်ချမ်းသာအောင် ကိုယ်ပဲ လုပ်နိုင်သလို ကိုယ် စိတ်ဆင်းရဲအောင်လည်း ကိုယ်ပဲလုပ်နိုင်တယ် … - (ရေးချချင်နေတဲ့ အတွေးတစ်စကို Friend တစ်ယောက်ရဲ့ ပို့စ်မှ ပြန်ရှာတွေ့)
လူ့ဘဝဆိုတာကြီးဟာ တခါတလေ "ကံဆုံရင်စား ကံကုန်ရင်သွား" ၊ ကိုယ်တို့နှစ်ယောက် "ကံမကုန်ရင် ပြန်ဆုံကြမယ်" ဆိုပြီး ကံကိုပဲ ယုံလိုက် ပုံချလိုက်သင့်တာလား … * တစ်ခါလွဲရင် ဘယ်လောက်ထိကြာတတ်သလဲ     ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို ပြန်ဆုံကြမှာလဲ     ဘယ်သောအခါမှ ပြန်မဆုံကြဖို့ရော ဖြစ်သွားနိုင်သလား …
ဘယ်သူမှ ကိုယ့်ဘဝထဲ လာပါ လာပါလို့ တကူးတက မဖိတ်ခေါ်ချင်တော့ မလာပါ မလာပါနဲ့လို့ တကူးတက နှင်မထုတ်ချင်တော့ ကိုယ့်ဆီလာကြမယ့် ထွက်သွားကြမယ့်သူတွေ စိတ်ရှိအတိုင်းသာ ပြုမူပြောဆိုကြပါစေ  ဘယ်သူ့ကိုမှ သံယောဇဉ်မထား ပျော်လည်းမနေ ဝမ်းလည်းမနည်းတတ်တော့ ဘယ်သူ့ဆီမှလည်း ဘာကိုမှ မမျှော်လင့်တော့ ကိုယ့်ဆီ ရောက်လာသူတိုင်းကို မပိတ်ပင်ပဲ အကောင်းမွန်ဆုံး ဆက်ဆံမယ် ကိုယ့်ဆီကနေ ထွက်သွားမယ့်သူတွေကိုလည်း မတားပဲ ပြုံးပြုံးလေး နှုတ်ဆက်မယ် …

- Wish -

ကိုယ်ချစ်ရတဲ့သူကို အမြဲ ပျော်နေစေချင် ပျော်မနေရရင်တောင် ပျော်စရာတွေ ဖန်တီးပေးချင် နောက်ဆုံး ကိုယ့်ကြောင့် စိတ်မဆင်းရဲရစေချင် လိုသုံးလို့ မခံစားရစေချင် ကိုယ့်ရဲ့ First Priority လို့ သိစေချင် သတိရတိုင်း မေတ္တာလေးတွေ ပို့ပေးနေချင် အစစအရာရာ အဆင်ပြေစေချင် ကျန်းကျန်းမာမာနဲ့ သက်ဆုံးတိုင် ရှိနေစေချင် ချစ်သူမျက်နှာ နေတစ်ပြောက် ထိုးရင် ကိုယ့်လက်ဖမိုးလေးနဲ့ လုံသလောက် ကာပေးချင် ကိုယ့်ကမ္ဘာမှာတော့ ကိုယ်ဟာ အချစ်တတ်ဆုံး လူသား … 7.4.2018 2:13 AM

- ဘက်စ်ဖရင့်တစ်ယောက်အကြောင်း -

ဟိုးအရင်အချိန် ကျနော် တက္ကသိုလ် စတက်ခါစအချိန်တုန်းက ကျနော့်မှာ အရမ်းခင်ရတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက်ရှိတယ် ။ ဒါပေမယ့် သူနဲ့ ကျနော်က ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ချင်းတူပေမယ့် တက်နေတဲ့ တက္ကသိုလ်ချင်းက မတူဘူး ။ သူ့ကို ကျနော် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က အင်တာနက် လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ ။ အဲ့ဒီနောက် အဲ့ဒီကွန်ရက်ကနေပဲ ကျနော်တို့ သူငယ်ချင်းတွေ ဖြစ်သွား ။ စကားတွေပြောရင်းနဲ့ တဖြေးဖြေးခင်သွား ။ နောက် သူတို့ကျောင်းကလုပ်တဲ့ ပြပွဲတစ်ခုမှာ ကျနော်တို့နှစ်ယောက် အပြင်မှာ စတင်တွေ့ဖူးခဲ့ကြ ။ မြန်မာဆန်ဆန် မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို စတင်ရှာဖွေတွေ့ရှိ ။ ဟုတ်ပါတယ် ။ ကျနော့်သူငယ်ချင်းက ကျနော် ပြောချင်တဲ့အတိုင်း ချောပါတယ် ။ ကျနော်ပြောချင်တာထက် ပိုချောပါတယ် ။ အဲ့ဒီနောက်မှာတော့ ဆက်ဆံရေးဟာ သူငယ်ချင်းမေတ္တာထက် မောင်နှမမေတ္တာ ပိုဆန်လာခဲ့ ။ သူဟာ ကျနော့်ထက် အသက် ၆ လ အတိငယ်တယ် ။ သူ့ရဲ့ နာမည်အရှည်ကြီးအပေါ်မှာ ကျနော်က အမြဲစနောက်လေ့ရှိ ။ သူ့ရဲ့ ထူးခြားချက်ကို ပြောပါဆိုရင် ကဗျာတွေကို ချစ်တတ်တာပဲ ။ ကျနော့်ကိုလည်း ကဗျာတွေ ချစ်တတ်လာအောင်လည်း သူပဲ သင်ပေးခဲ့ ။ ခံစားတတ်တာလည်း သူ့အပြင် ဘယ်သူမှမရှိ ။ ဒါပေမယ့်
ကျနော်တို့ဟာ တခါတလေ ကိုယ်ချစ်တဲ့သူကို ကိုယ်ကိုယ်တိုင်မိုးထားမိတဲ့ အရိပ်က လောင်းရိပ်ဖြစ်မှန်းမသိ ဖြစ်နေတတ်တယ် ကလေးလေးတစ်ယောက် လေးဖက်ထောက်တွားသွားကနေ လမ်းစလျှောက်သလိုပဲ ကိုယ်က ဘေးနားကနေ လဲကျမှာစိုးလို့ ထိန်းကိုင်ပေးနေရင် ခြေစလှမ်းပြီး လမ်းလျှောက်တတ်ဦးတော့  အနည်းဆုံးတော့ ဒီကလေးက ကိုယ့်ကိုယ်ကို အားကိုးချင်စိတ် ရပ်တည်ချင်စိတ် နည်းသွားတတ်တယ် ကျနော်တို့ဟာ ကိုယ်ချစ်တဲ့သူတွေ လဲပြိုကျသွားမှာ ကိုယ်သိလို့ ဖမ်းဆုပ်ထားမိလိုက်ကြတတ်တယ် လွှတ်မပေးတတ်ကြဘူး အဲဒီ့အခါ ဖမ်းဆုပ်ထားတဲ့လက်တွေဟာ တခါတလေကျ ကိုယ်ချစ်တဲ့သူတွေကို ပြန်သတ်နေတဲ့အရာတွေ ဖြစ်ချင်ဖြစ်နေတတ်တာ …

ကိုယ့်အိမ်ပြတင်းဝကနေ အဝေးပျံပြေးထွက်သွားတဲ့ ငှက်ကလေး

၁) ခင်ဗျား စိတ်ကူးသစ်ပင်ပေါ်မှာ ငှက်အိမ်ကလေးတွေ ဆောက်ဖူးသလား ဒါမှမဟုတ် သူများ အသိုက်အမြုံတွေကို ဖျက်ဆီးခဲ့ဖူးလား ၂) စိတ်ကူးနဲ့ပဲ ဆောက်ခဲ့ရတဲ့ ကျနော့်ငှက်အိမ်ကလေးက ကျနော့်ကြောင့် စိတ်ကူးထဲမှာပဲ တစစီ ဖျက်စီးခံခဲ့ရတယ် ကိုယ့်နောက်ကျောကို ကိုယ်ပြန်လှည့်ကြည့်တိုင်း ထိရှခဲ့တဲ့ဒဏ်ရာဟောင်းတွေကို ပြန်မြင်လာရတယ် ၃) ကိုယ့်ကိုယ်ကို စိတ်ကူးထဲ ပြန်မြင်ယောင်ကြည့်လိုက်တယ် ကိုယ့်ကိုယ်ကို ရယ်စရာအဖြစ် ပြန်ဟားတိုက်လိုက်တယ် ၄) ကျနော်ဟာ ဗင်းဆင့်ရဲ့ အဝါရောင် နေကြာပန်းများပုံများကို ကြိုက်နှစ်သက်တယ် ၅) ကိုယ့်ကိုယ်ကို အမြဲ နေသာပါတယ်ဆိုပြီး ခပ်ပေါ့ပေါ့နဲ့ လိမ်နေတတ်တယ် ကိုယ်ကိုယ်တိုင်ပဲ နာကျင်စေအောင်လုပ်ခဲ့တဲ့ ကိုယ့်ရဲ့ ခံစားမှု သွေးစွန်းစဒဏ်ရာတွေကို ကိုယ့်လျှာနဲ့ပဲ ကိုယ်ပြန်သပ်ရတာကို ပိုကျေနပ်နေတတ်တယ် ကျနော်ဟာ အရင်ကထက် နာကျင်ကိုက်ခဲနေရတဲ့ အရသာကိုပဲ ပိုကျေနပ်လာတယ် အစစအရာရာဟာ ကိုယ်ကိုယ်တိုင်နဲ့ပဲ အလုံးစုံကို ပြီးမြောက်စေခဲ့ ဒီအဖြစ်အပျက်တွေကို ကိုယ်ကိုယ်တိုင် ကျေနပ်နားလည်ခဲ့ပေမယ့် ဒီအဖြစ်အပျက်တွေကြားကပဲ ကိုယ်ကိုယ်တိုင် ပြန်ရုန်းမထွက်ချင်ခဲ့ ၆) ကျနော် တယုတယမွေးခဲ့မိတဲ့ ငှက်ကလေးကို ပျံပြေး