Get link Facebook X Pinterest Email Other Apps - February 09, 2020 ကျွန်တော်တို့ဟာ ဘယ်နေရာမှာမဆို အမြဲတစေ ရိုးသားသင့်တယ်လို့ ကျွန်တော်ထင်တယ် အထူးသဖြင့် ချစ်ခြင်းတရားပေါ့သဘောကျတာကို ကျတယ် သဘောမကျတာကို မကျဘူးလို့ သတ္တိရှိရှိပြောရဲမယ့် တစ်နေ့နေ့ပေါ့ .. Get link Facebook X Pinterest Email Other Apps Comments
ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ - April 27, 2022 မျက်စိရှေ့က တိမ်တွေကို ရသလောက် ဖယ်ထုတ်ပြီးတဲ့နောက် ရယူလိုစိတ် များလာတဲ့အခါ ကုန်ပစ္စည်းတံဆိပ်ကို မကြည့်တော့ပဲ သုံးစွဲရန်အညွှန်းတွေပဲ လိုက်ဖတ်တော့တယ် မိုင်နှုန်းပြဒိုင်ခွက်တွေကြားမှာ လွဲချော်မှု တစုံတရာတော့ ရှိမှာပဲ အချစ်ရှိရာ လာပြီလို့ပြောပြီး ဘယ်မှ မရောက်တော့သူတွေ သိပ်သည်းမှုထဲမှာ သူတို့ကို ကိုယ်တို့ ထည့်မြှုပ်ထားတယ် မခြောက်သေးတဲ့ ဆေးသားကို လက်နဲ့အမြဲ သွားသွားထိမိ အချိန်မတော် အချိန်မီ စောင့်နေရခြင်းမျိုးတွေ ဒိုမီနိုသီအိုရီအရ တည်ဆောက်ထားတဲ့ အိပ်မက်စက်တွေ ပြီးရင် အရာရာဟာ အောင့်သက်သက် တခုနဲ့တခု ချိတ်ဆက်ခုန်ကူးနေသော hyperlink ဘဝများပေါ့ မင်းပြောမှ ကိုယ် သတိထားမိတယ် ပြောတိုင်းယုံပြီး အမြဲသတိရနေတတ်တဲ့ ကိုယ့်ကိုယ်ကို တခုခုဆို တုံ့ပြန်ဖို့ အမြဲ တိုင်ပင်နေရတဲ့အခါ ဘယ်အရာမှ စိတ်မပါတော့တာတွေရယ် နောက်ပြီး တစထက်တစ ရစ်ထွေးလာခြင်းကို ကိုယ့်လက်နဲ့ မဖြီးသင်နိုင်တော့တာမို့ တယောက်ဘဝကို တယောက် စုချည်ထားလိုက်ရတော့တယ် ရည်ရွယ်ချက်ရှိရှိ သတ်လိုက်မိခြင်းအတွက် ဝမ်းမနည်းမိပဲ ငိုမလိုဖြစ်ရခြင်းမျိုးတွေ ငိုစေချင်လို့ ငိုပေးလိုက်ရတာမျိုးထက် တခု သို့မဟုတ် တခုထက်ပိုနေတဲ့အခါ ဖြစ်ပြီးမှ ကာကွယ်နေရတဲ့ ကမ္ဘ... Read more
သေခါနီးကဗျာရေးကြသူများအကြောင်း* သင်သိပြီးပြီလား - December 23, 2021 သေခါနီးတဲ့အထိ ကဗျာရေးဖို့ ကြိုးစားခဲ့ကြတဲ့လူတွေအကြောင်း သင်တွေးမိသေးလား။ ကမ္ဘာပေါ်ကလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ငယ်ငယ်ကတည်းက ကဗျာရေးဖို့ ကြိုးစားကြရင်း နောက်ဆုံးသေသွားကြတယ်ဆိုတာရော သင်သိပြီးပြီလား။ ရေမှာအရုပ်ရေးသလိုမျိုး ရေးရေးပဲပေါ်လာမယ်လို့ သင်ထင်တဲ့ကိစ္စတွေရှိချင်ရှိမယ်။ အဲ့ဒါတွေကို ပြန်တွေးတိုင်း ငယ်ဘဝက ယိုပေါက်တခုကနေ စီးဆင်းလာတဲ့ ဆီတွေလိုပဲ။ အဲ့ဒီဆီတွေကို သင်ဘယ်တော့မှ ပိတ်နိုင်မှာ မဟုတ်ဘူး။ သင်ကိုယ်တိုင်ပြောတဲ့ အဆုံးသတ်တွေကို တခါတည်းနားမလည်လို့ သင် ပြန်တွေးနေရမယ်။ ဥပမာ - လှပသောခြေသလုံးများအကြောင်း သင်ယူနေရချိန်မှာ သင်က ဆိပ်ကမ်းမြို့ရဲ့ တဖက်ကမ်းကို ရောက်နေပြီဆိုတာမျိုး။ စွဲလမ်းမှုနဲ့ အထီးကျန်ခြင်းတွေက သင့်ရဲ့အဖော်ဖြစ်တယ်။ သင့်မှတ်ဥာဏ်အပိုင်းအစတွေနဲ့ သိမှုတွေကို ဆင်ခြင်နေတုန်းမှာ သင် မမေ့လို့ ဝမ်းမြောက်ရမယ်။ နောက်ဆုံးတော့လည်း တဖြေးဖြေးနဲ့ သေသွားမယ့်အတူတူ ဝေဒနာတွေ ထပ်မဖြစ်လာအောင် မှတ်ဥာဏ်တွေကို သင်မေ့ပစ်ရတယ်။ မုတ်ဆိတ်တွေရှည်လာတဲ့အခါ စိတ်ပါရှည်လာနိုင်လို့ သင့်မှာ တွေးတွေးပြီး ပျော်ရတယ်။ မိုးကုပ်စက်ဝိုင်းက ဘယ်မှာလဲလို့လာမေးတိုင်း သင်သိသိရက်နဲ့ မသိချင်ယောင်ဆောင်ရတယ်။ လနီနီကိုမြင်ရတဲ့အခါ ... Read more
အိမ်ပြေးတယောက်အတွက် ဆွန်းနက် - December 13, 2021 အဓိပ္ပာယ်ကောက်မှားခဲ့သူလို့ အကြောင်းပြပြီး လုပ်ခဲ့တာတွေအတွက် နောင်တမရကြေးလေ အိမ်ပြေးတယောက်အတွက် ဘုရားသခင်ရဲ့ မှားယွင်းစွာကောင်းချီးပေးမှုက သေချာပေါက်စောင့်ကြိုနေမယ် မင်းမလိုအပ်တော့တဲ့ မျှော်လင့်ခြင်းမျှစ်စို့တွေက မင်းနောက်ကျောကနေ ထိုးထွက်လာတော့မယ် ရေဝဲလိုဆုံးရှုံးမှုတွေက ငါအပါအဝင် မင်းဘဝမှာ နေ့တိုင်းပေါင်းထည့်နေစရာမလိုလောက်အောင် ကြုံရမယ် ဒီ့အတွက် အကြောင်းမဲ့ပြောဆိုသူတွေဟာ ရန်လိုသူဖြစ်တယ်ဆိုတာ ပြောဖို့မလိုဘူးထင်တဲ့အတွက် ငါချန်ထားခဲ့တယ် မင်းက သီလရှင်တပါးရဲ့ စာချသံလိုမြည်တမ်းမှုမျိုးနဲ့ မသေအောင်နေမယ်လို့တော့ ငါ့ကိုပြောပါတယ် ပြောင်းပြန်တင်းကျပ်မှုတွေကြားထဲ မင်းအဆင်မပြေလည်း ပျော်အောင်နေဖို့ ငါမှာချင်တယ် ဝက်ဝံရဲ့မျက်လုံးနဲ့တူတဲ့အနမ်းတွေက မင်းတကိုယ်လုံးပွတ်သတ်နမ်းရှိုက်ကြတဲ့အခါ ငါ့မှာ ယားယံမှုကို မျိုသိပ်ထားရင်း မင်းကို အောင့်သက်သက်နဲ့ ကြည့်နေရတာတော့ မင်း ရိပ်မိမယ်မထင်ဘူး အစဥ်အလာဆိုတာ ကိုယ့်လို အိမ်ပြေးတယောက်ကို နားလည်တဲ့သူမျိုးနဲ့တွေ့ဖို့ နှစ်နဲ့ချီပြီးစောင့်ရတာဖြစ်ပြီး ဇွတ်တရွတ်နိုင်တာက အိမ်ပြေးတယောက်အဖို့ အကောင်းဆုံးအဖော်ပဲဆိုတာ မင်းသိမှာပါ အချိန်ကာလမှာ ပျော်ဝင်ခဲ့သော ငါတို့ရဲ့ ဇာတ်ကြ... Read more
Comments
Post a Comment