Posts

Showing posts from August, 2020

08082020

မဟုတ်တာ လုပ်မယ်ကြံတိုင်း စော်တွေပဲ အာရုံလာတဲ့ဘဲတစ်ပွေ အသက်အောင့်ပြီး မနေနိုင်တော့တဲ့ ကိန်းဂဏန်းများ ငယ်ငယ်တုန်းကလို လက်ညှိုးနဲ့ လက်ခလယ်ကိုပူးပြီး သေနတ်ပစ်တဲ့ပုံစံလုပ်တိုင်း "အား" လို့ အကျယ်ကြီးအော်ပြီး သေပေးရ လူသားစား တိတ္ထိတွေ ဘာလုပ်လုပ် ခွင့်ပြုချက်မလိုဘူးဆိုတာကြားတိုင်း လူတွေက ထထရယ်ကြ ပျောက်နေတဲ့ သက္ကရာဇ်တွေကြား ဘယ်တော့မှ ပြန်မလာနိုင်တော့သူတစ်ယောက်က သတိရတိုင်း လျှာအရှည်ကြီး ထုတ်ထုတ်ပြတာကို မြင်အောင်ကြည့် ကိုယ်တိုင်လုပ်ထားတဲ့ အသားကင်တွေကို မြိန်ရေရှက်ရေစားပြ ဘယ်တော့မှ မနီးသေးလည်း ဘယ်လောက်မှ မဝေးတော့ဘူးလို့ အကျယ်ကြီးအော်ငို # 08082 k20 #YTULA

ဒဏ်ရာထွက်ပေါက်တွေလိုမျိုး ကိုယ်တိုင်ရေးပုံတူ

Image
ခြေလှမ်းတိုင်းရဲ့ပဲ့တင်သံတွေအစား မိုးထဲ ရေနစ်သွားတယ် လေရဲ့မလှုပ်ရှားနိုင်ပုံဟာ နာမည်တစ်ခုလိုပဲ နစ်တော့မယ့် လှေတစ်စီးပေါ် ခုန်တက်သွားပြီး လဲ့မှို့ပင်အခေါက်ကနေ ကွဲထွက်လာပုံဟာ ဖျက်စီးရင်း မေ့ဖို့ကြိုးစားတဲ့ သံမဏိမြို့တော်လို အဲ့ဒီမြို့ဘေး လမ်းတလျှောက်က အရိုးတွေကို ကြိုးစားမေ့ဖို့လိုမယ် နောက် ဖြတ်သွားရင် ဒုက္ခသည်စခန်းက လူနာက ဆေးလိပ်သောက်ရင်း ဓမ္မသီချင်းကို တဝက်တပျက်ဆိုနေတယ် ဓမ္မတေးဆိုနေတယ် သံချေးရောင်လို မည်းညစ်နေတဲ့ တဲတစ်လုံးထဲ အဘွားဆီက နောက်ဆုံးဖယောင်းတိုင်နဲ့  ငါတို့ကိုင်ထားတဲ့ ငါတို့လက်တွေထဲက ဝက်ရဲ့မျက်နှာတွေ နဲ့ ညီအကိုတွေ မှားခေါ်မိ၊ နှင်းတွေနဲ့ တောက်ပနေတဲ့အခန်းထဲ ဝင်ရအောင် ရယ်သံတွေနဲ့ပဲ အခန်းက ပြည့်သွားတယ်  ဝန်းဒါးပေါင်မုန့်နဲ့ မရောနိစ်ကို စမ်းသပ်တဲ့အနေနဲ့ ပါးစပ်ထဲ ထည့်ကိုက်လိုက်တာ  တယောက်မှ ခေါ်စရာမလိုပဲ အောင်မြင်သွားတယ်၊  အဲ့ဒါနဲ့ သူ့အဖေ လက်မောင်းပေါ် ချီထားတဲ့ ကလေးရဲ့ နီရဲတဲ့ပါးတွေကို ပွတ်တိုက်ကြစို့  ငါးကလီစာနဲ့ မာဘိုရိုစီးကရက်တွေ စီစဥ်ထားပါ ဂျွန်ဝိန်းရဲ့ M 16 ရိုင်ဖယ်အောက် အားလုံး ချီးကျူးကြတဲ့ နောက်ထပ် ဗီယက်နမ်ဟာ မျက်နှာပြင်ပေါ်မှာ လောင်ကျွမ်းသွားတယ်  သူတို့ရဲ့ နားတွေကို တွန်းဖ