Get link Facebook Twitter Pinterest Email Other Apps - February 09, 2020 အဆင်ပြေလားလို့မေးရင် တကယ်က အဆင်ပြေနေတာ မဟုတ်ဘူး ဒါပေမယ့် အဆင်ပြေပါတယ်ဆိုပြီး လိမ်နေရတာတကယ်တမ်းကျ အဆင်ပြေမပြေဆိုတာထက် အစစအရာရာ အဆင်ပြေအောင် ပျော်အောင် နေသားကျအောင်နေနေကြောင်း အရိုးသားဆုံးနဲ့ အေးအေးဆေးဆေးပဲ အမှန်အတိုင်း ပြောဖြစ်တော့တယ် Get link Facebook Twitter Pinterest Email Other Apps Comments
- February 11, 2022 ငါ့သမိုင်းက ငါ့သမိုင်း မဟုတ်တော့ဘူးတဲ့ “ငါ့သမိုင်း ငါသွား ငါပဲရောက်ရောက်” ဆိုတာရော ကြားဖူးလား ငါ့သမိုင်းဆိုတာ ငါပြောမှ ငါ့သမိုင်းဖြစ်တာမဟုတ်ဘူးမလား ငါ့သမိုင်းကို ငါ မပြောရသေးခင်မှာပဲ ငါ့သမိုင်းအကြောင်းကို ငါမဟုတ်တဲ့ တခြားသူတွေက ငါ့ကွယ်ရာမှာ ပြောနေတာ ငါကြားလိုက်ရတယ် အဲ့ဒါကြောင့် ငါ့သမိုင်းကို ငါမပြောတော့ဘူး ဆောရီး ငါ့သမိုင်းကို ငါမပြောတော့ဘူးလို့ ထင်နေရင် မှားမယ် တကယ်က ငါ့သမိုင်းကို ငါ မပြောသေးတာ နောက်ပြီး အဲ့ထက်ပိုတာက မပြောချင်သေးတာ ပြောချင်သူတွေလည်း ပြောကြပါစေကွယ်တို့ သူတို့မောသွားမှပဲ ငါ့အကြောင်း ငါ ဆက်ပြောတော့မယ် ကဲ ဘယ်လိုလဲ မကောင်းဘူးလား ဟားဟား ရည်ညွှန်း - ဇေယျာလင်း - ငါ့သမိုင်းဟာ ငါ့သမိုင်း မဟုတ်ဘူး Read more
တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ - December 04, 2021 တကယ်လို့ ငါ့မျက်နှာပုံတူ ပန်းချီကားပေါ်က မျက်ရည်စက်လက်နဲ့ သွေးကွက်တွေအစား ပန်းတွေ ပွင့်မလာတော့ဘူးဆိုရင် ငါမရခဲ့တဲ့ တစုံတခုတွေအတွက် ယူကြုံးမရဖြစ်နေခြင်းတွေဟာ နောက်ဖေးလမ်းကြားမှာပဲ ထပ်ပြီးကျပျောက်မသွားဘူးဆိုရင် မသေမရှင်ဖြစ်ပြီး ပျောက်သွားတဲ့ ငါ့ဇာတ်ကောင်ကို ကမ္ဘာလဆန်းတရက်မတိုင်ခင် တရက်တလိုက ဘားတခုမှာ ငါတွေ့ခဲ့ရင် ငါဟာ တော်တော်ပျော်မိမှာပဲ ငါဟာ ငါ့ရဲ့ပုံတွေထဲမှာ ငါ့ကိုယ်ငါ အပြုံးတွေနဲ့ အမြဲဝှက်ထားတတ်တဲ့အခါ ငါက အူကြောင်ကြောင်နဲ့ မင်းကို မော့ကြည့်နေခဲ့မိလိမ့်မှာပေါ့ ပြီးမှ သွေးအေးအေးနဲ့ မင်းရဲ့လည်မျိုကို ဓားနဲ့စိုက်မယ် အဲ့အခါကျ မင်းကောက်ရတဲ့ ခဲခြစ်ကဒ်ပြားပေါ်က နာကျင်မှုတွေကို ရေရွတ်ပြီး ကြေကွဲမနေနဲ့တော့ အိပ်မက်ထဲကပင်လယ်ဟာ နာကျင်မှုတွေကို ပျော်ရွှင်မှုအဖြစ် အသွင်ပြောင်းပြီး ပလုပ်ပလောင်းနဲ့ မျိုချလိုက်တယ် ငါတို့နှစ်ယောက်ထဲက တယောက်ယောက်ရဲ့ ဘယ်ဘက်လက်ထဲမှာ ဒါမှမဟုတ် အခြားနေရာဒေသ တခုခုမှာရှိနေမယ်ဆိုရင် ငါတို့ဘယ်သူနဲ့မှမတိုင်ပင်ပဲ တိတ်တဆိတ် လှိုင်းမူးနေကြမယ် အဲ့အဖြစ်အပျက်တွေက ပင်လယ်ပြင်ပုံမှာပေါ်လာပြီး ငါ့ဆီကနေ မင်းဆီ တရွေ့ရွေ့လှော်ခတ်သွားတာဖြစ်တယ် အခုမလည်း ကြည့်ဦးလေ ငါစကားပြောတတ်စအရွယ်မှာ ငါ Read more
အိမ်ပြေးတယောက်အတွက် ဆွန်းနက် - December 13, 2021 အဓိပ္ပာယ်ကောက်မှားခဲ့သူလို့ အကြောင်းပြပြီး လုပ်ခဲ့တာတွေအတွက် နောင်တမရကြေးလေ အိမ်ပြေးတယောက်အတွက် ဘုရားသခင်ရဲ့ မှားယွင်းစွာကောင်းချီးပေးမှုက သေချာပေါက်စောင့်ကြိုနေမယ် မင်းမလိုအပ်တော့တဲ့ မျှော်လင့်ခြင်းမျှစ်စို့တွေက မင်းနောက်ကျောကနေ ထိုးထွက်လာတော့မယ် ရေဝဲလိုဆုံးရှုံးမှုတွေက ငါအပါအဝင် မင်းဘဝမှာ နေ့တိုင်းပေါင်းထည့်နေစရာမလိုလောက်အောင် ကြုံရမယ် ဒီ့အတွက် အကြောင်းမဲ့ပြောဆိုသူတွေဟာ ရန်လိုသူဖြစ်တယ်ဆိုတာ ပြောဖို့မလိုဘူးထင်တဲ့အတွက် ငါချန်ထားခဲ့တယ် မင်းက သီလရှင်တပါးရဲ့ စာချသံလိုမြည်တမ်းမှုမျိုးနဲ့ မသေအောင်နေမယ်လို့တော့ ငါ့ကိုပြောပါတယ် ပြောင်းပြန်တင်းကျပ်မှုတွေကြားထဲ မင်းအဆင်မပြေလည်း ပျော်အောင်နေဖို့ ငါမှာချင်တယ် ဝက်ဝံရဲ့မျက်လုံးနဲ့တူတဲ့အနမ်းတွေက မင်းတကိုယ်လုံးပွတ်သတ်နမ်းရှိုက်ကြတဲ့အခါ ငါ့မှာ ယားယံမှုကို မျိုသိပ်ထားရင်း မင်းကို အောင့်သက်သက်နဲ့ ကြည့်နေရတာတော့ မင်း ရိပ်မိမယ်မထင်ဘူး အစဥ်အလာဆိုတာ ကိုယ့်လို အိမ်ပြေးတယောက်ကို နားလည်တဲ့သူမျိုးနဲ့တွေ့ဖို့ နှစ်နဲ့ချီပြီးစောင့်ရတာဖြစ်ပြီး ဇွတ်တရွတ်နိုင်တာက အိမ်ပြေးတယောက်အဖို့ အကောင်းဆုံးအဖော်ပဲဆိုတာ မင်းသိမှာပါ အချိန်ကာလမှာ ပျော်ဝင်ခဲ့သော ငါတို့ရဲ့ ဇာတ်ကြောင် Read more
Comments
Post a Comment