ကိုယ် ချစ်တဲ့သူကို တခုတလေလောက်များ ပြောခွင့်ရခဲ့မယ်ဆိုရင် လူတွေကို နားလည်ရတာ ဘယ်လောက်ပင်ပန်းကြောင်း၊ ဘယ်သူ့ကိုမှ နားလည်ဖို့ မကြိုးစားသင့်ကြောင်း၊ လူတိုင်းဟာ ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်နေကြတာဖြစ်ကြောင်း၊ မင်းရဲ့စိတ်နဲ့ ကိုယ်ချစ်တဲ့သူတွေကို မရှင်သန်စေသင့်ကြောင်း၊ လူတွေက သိပ်ကြောက်ဖို့ကောင်းကြောင်း၊ အချစ်ဆိုတာ လုပ်ယူလို့မရကြောင်း စသဖြင့်၊ ပြီးရင် အားလုံးကို နားလည်သွားပြီး ဘယ်အရာကိုမှ ပင်ပင်ပန်းပန်း ခံစားမနေတော့ကြောင်း၊ အရာရာဟာ ဘယ်တော့မှမမြဲကြောင်း၊ အားလုံးကို အနိုင်ပိုင်းတဲ့ပုံစံနဲ့ ပြောဖြစ်မယ် ထင်တယ်
ငါ့သမိုင်းက ငါ့သမိုင်း မဟုတ်တော့ဘူးတဲ့ “ငါ့သမိုင်း ငါသွား ငါပဲရောက်ရောက်” ဆိုတာရော ကြားဖူးလား ငါ့သမိုင်းဆိုတာ ငါပြောမှ ငါ့သမိုင်းဖြစ်တာမဟုတ်ဘူးမလား ငါ့သမိုင်းကို ငါ မပြောရသေးခင်မှာပဲ ငါ့သမိုင်းအကြောင်းကို ငါမဟုတ်တဲ့ တခြားသူတွေက ငါ့ကွယ်ရာမှာ ပြောနေတာ ငါကြားလိုက်ရတယ် အဲ့ဒါကြောင့် ငါ့သမိုင်းကို ငါမပြောတော့ဘူး ဆောရီး ငါ့သမိုင်းကို ငါမပြောတော့ဘူးလို့ ထင်နေရင် မှားမယ် တကယ်က ငါ့သမိုင်းကို ငါ မပြောသေးတာ နောက်ပြီး အဲ့ထက်ပိုတာက မပြောချင်သေးတာ ပြောချင်သူတွေလည်း ပြောကြပါစေကွယ်တို့ သူတို့မောသွားမှပဲ ငါ့အကြောင်း ငါ ဆက်ပြောတော့မယ် ကဲ ဘယ်လိုလဲ မကောင်းဘူးလား ဟားဟား ရည်ညွှန်း - ဇေယျာလင်း - ငါ့သမိုင်းဟာ ငါ့သမိုင်း မဟုတ်ဘူး
Comments
Post a Comment