တကယ်တမ်းကျ အကိုတို့ တစ်ယောက်နဲ့တစ်ယောက် အရွေ့တစ်ခုစီမှာ မလိုအပ်ပဲ ထိခိုက်ကြမိတဲ့အခါ လိုအပ်သည်ဖြစ်စေ မဖြစ်စေ အချင်းချင်း လေးလံနေတာတွေ ပေါ့သွားစေလိုတဲ့သဘောနဲ့ တောင်းပန်ခြင်းအမှုကို ပြုသင့်တယ် မဟုတ်လား၊ ညီမလေး ...
ငါ့သမိုင်းက ငါ့သမိုင်း မဟုတ်တော့ဘူးတဲ့ “ငါ့သမိုင်း ငါသွား ငါပဲရောက်ရောက်” ဆိုတာရော ကြားဖူးလား ငါ့သမိုင်းဆိုတာ ငါပြောမှ ငါ့သမိုင်းဖြစ်တာမဟုတ်ဘူးမလား ငါ့သမိုင်းကို ငါ မပြောရသေးခင်မှာပဲ ငါ့သမိုင်းအကြောင်းကို ငါမဟုတ်တဲ့ တခြားသူတွေက ငါ့ကွယ်ရာမှာ ပြောနေတာ ငါကြားလိုက်ရတယ် အဲ့ဒါကြောင့် ငါ့သမိုင်းကို ငါမပြောတော့ဘူး ဆောရီး ငါ့သမိုင်းကို ငါမပြောတော့ဘူးလို့ ထင်နေရင် မှားမယ် တကယ်က ငါ့သမိုင်းကို ငါ မပြောသေးတာ နောက်ပြီး အဲ့ထက်ပိုတာက မပြောချင်သေးတာ ပြောချင်သူတွေလည်း ပြောကြပါစေကွယ်တို့ သူတို့မောသွားမှပဲ ငါ့အကြောင်း ငါ ဆက်ပြောတော့မယ် ကဲ ဘယ်လိုလဲ မကောင်းဘူးလား ဟားဟား ရည်ညွှန်း - ဇေယျာလင်း - ငါ့သမိုင်းဟာ ငါ့သမိုင်း မဟုတ်ဘူး
Comments
Post a Comment