Posts

Showing posts from April, 2018

သူအားမငယ်ဖို့

(၁၁) သူ့အတွက်ဆို လိုအပ်သမျှ အမြဲဖြည့်ဆည်းပေးချင်သူ သူ့အတွက်ဆို အမြဲ အလျှော့ပေးပြီးသား ဖြစ်နေတဲ့သူ သူ့ဘက်ကပဲ ဘာမဆို ကိုယ်ဟာ အမြဲရပ်တည်ပေးချင်တဲ့သူ … ။ အမြင့်ကို သိပ်မကြည့်ပါနဲ့ အရှေ့ကိုသာ ဆက်ဆက်ကြည့်ပြီး လျှောက်ပါ သိပ်လှတဲ့ကမ္ဘာတစ်ခုက မင်းကို စောင့်ကြိုနေမှာ ။ ဘာကိုမဆို ရပ်စောင့်နေတာဟာ မှားယွင်းတဲ့အယူအဆတစ်ခု အရာအားလုံးက ဆက်သွားနေကြရမှာပဲ ။ မခံချင်စိတ်ကို အကောင်းဆုံးနေရာမှာ အငုံ့စိတ်အစား အသုံးချပါ ။ ကိုယ်ဟာ သူ အားငယ်နေချိန်တိုင်း အနီးနားမှာ အားပေးမယ့် မကောင်းမှုတွေ ဖယ်ခွာ ကောင်းမှုတွေ ညွှန်ပြပေးချင်တဲ့ ဟိုးကောင်းကင်ဘုံနားက တမာန်တော်တစ်ပါးလိုမျိုး ။ သူ့ကို သတိရချိန်တိုင်း တရားဝင် ဖုန်းဆက်ပိုင်ခွင့်လေး ပေးသနားပါ ။ သူ အားမငယ်ဖို့ အပိုဒ်ခွဲတစ်ခု ဖတ်ရတဲ့အချိန်တိုင်း ခွန်အားတစ်ခုရပါစေလေ ။ ။ (၁၂) စာအုပ်တွေကို သူနဲ့ ဆုံစည်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တယ် … ။ ကိုယ်ဟာ ပျော်စရာကိုသာ ဝေမျှချိန် သူ့ကိုလည်း ကိုယ့်ကြောင့် ပျော်နေစေချင်တယ် သို့သော် … သူ့မှာလည်း မာနလေးနဲ့ ။ ရွှေဝါရောင် ဆံနွယ်လေးတွေကြားက မျက်ဝန်းလေးထဲမှာ သူ မဝံ့မရဲဖြစ်နေတာလေးတွေ ကိုယ် မြင်နေရတယ် ။ သူ ကြိုက်တတ်တဲ့အရာလေးတွေ ကိုယ်ပြင်ဆင်နေတ

သူအားမငယ်ဖို့

(၁) သူ တစ်ယောက်တည်း ဒီအချိန်ဆို ပျင်းနေရော့မယ် စာအုပ်တွေနဲ့ အဖော်ပြုပါ အားယူပါ Bunny Phyoe သီချင်းတွေ နားထောင်ပါ အားငယ်စိတ်တွေဖျောက်ပါ ပြင်ပဆက်ဆံရေးလည်း ရှိပါစေ ။ ။ (၂) ဝါသနာနောက်လိုက်ပါ အောင်မြင်မှုနောက် မလိုက်ပါနဲ့ တစ်ချိန်ချိန်မှာ ပြန်လှည့်ကြည့်ရင် နောင်တမရအောင် ကြိုးစားပါ အချစ်ဆိပ်မတက်အောင် နေပါ အငုံ့စိတ် မထားပါနဲ့ အပျော်မလွန်ပါစေနဲ့ ။ ။ (၃) ကားလမ်းမကြီးရဲ့ တစ်နေရာကနေ ဒီစာကို ကျနော်ရေးတယ် ရှင်သန်နေသမျှ ကာလပတ်လုံး သူ မျှော်လင့်သမျှ ဖြစ်နိုင်တယ် သူ ကျန်းမာရေး ဂရုစိုက်ပါ အိပ်ရေးမပျက်စေနဲ့ ပါးလေးတွေ ဖောင်းနေပါစေ သူ ဘာကိုမှ မကြောက်ပါလေနဲ့ ခွန်အားတွေကို စာတွေကနေ ရယူပါ ဖြစ်ပြီးသမျှကို သင်ခန်းစာနဲ့ အတွေ့အကြုံအဖြစ် ပြောင်းပါ ။ ။ (၄) စိတ်ထဲကနေ ဟိုဟိုဒီဒီ အများကြီး လျှောက်မတွေးပါနဲ့ စိတ်ညစ်စရာ Stress တွေ ဖယ်ပါ Relax လုပ်ပါ ပေါ့ပေါ့ပါးပါးနေပါ ။ သကြားလုံးကြိုက်တဲ့ ကလေး စာအုပ်ကြိုက်တဲ့ ကလေး သီချင်းကြိုက်တဲ့ ကလေး ကလေး ကလေး ကြည်နူးစရာကလေးပေါ့ ။ ဖြစ်ရပ်တိုင်းမှာ အကောင်းဆုံး နေထိုင်ပါ ကိုယ် ပျော်မယ်ထင်တာတွေကို သတိလေးနဲ့ ချိန်ထိုးစဉ်းစားပါ ။ ကိုယ်ကြိုက်တဲ့ မင်းခိုက်စိုးစန်ရဲ့ မော်ဒန် ကဗျာတွေထဲကလို