Posts

Showing posts from September, 2020

ဘယ်ဟာက ဘာအတွက် တိရစ္ဆာန်ရုံလဲ

Image
တိရစ္ဆာန်ရုံဆိုတဲ့ စကားလုံးက တိရစ္ဆာန်ရုံအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ရေတံခွန်က ရေအတွက် တိရစ္ဆာန်ရုံဖြစ်တယ် သီချင်းက အသံအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ဟာမိုနီကာက  နီးလ်ယန်းရဲ့ အသက်ရှူထုတ်သံပြင်းပြင်းအတွက် တိရစ္ဆာန်ရုံဖြစ်တယ်                ယောနိက မွေးကင်းစ ကလေးအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ကလေးလေး၊ သမီးလေးက ယောနိအတွက် တိရစ္ဆာန်ရုံဖြစ်တယ် နှင်းဆီပန်းက နှင်းဆီရနံ့အတွက် တိရစ္ဆာန်ရုံဖြစ်တယ် နှင်းဆီရနံ့က နှင်းဆီပန်းရဲ့ လှောင်ချိုင့်ထဲမှာပဲ ထိန်းသိမ်းခံထားရ တိရစ္ဆာန်ရုံအစောင့်က အဲ့ဒီပေါ်  သွေးထွက်လက်စ တခုခုကို ပစ်ချလိုက်တယ် အဲ့ဒီ သွေးထွက်နေတဲ့ တခုခုနဲ့ မလောက်တော့လို့ လမ်းလျှောက်တတ်ခါစ  ကလေးလေးတစ်ယောက်က နှင်းဆီပန်းရဲ့ လှောင်ချိုင့်ပေါ် ပြုတ်ကျသွားပြီး တကိုယ်လုံး အစားခံလိုက်ရတယ် သူ့နာမည်က  ရေးလ်ခီ စာရွက်တိုင်းမှာ သူ့နာမည်ရှိတယ် ထင်းရှူးသေတ္တာအသေးလေးက အခု သူ့အတွက် တိရစ္ဆာန်ရုံဖြစ်သွားပြီ             စာရွက်တွေ အားလုံးထဲမှာ အဲ့ဒါကို ပြောကြတယ် ပြီးလည်းပြီးရော ကလေးတွေအားလုံး အဲ့ဒီလိုပဲ အကုန် လိုက်လုပ်ကြ ခရမ်းရောင်ရနံ့တွေ အိပ်စက်ရာ  ဂူပေါက်ဝက ခရမ်းရောင် လှောင်ချိုင့်ပေါ်ကို ပြုတ်ကျသွားတယ် အဲ့ဒီလိုနဲ့  ကလေးတွေရဲ

မြူရဲ့သား

Image
မြူတွေဟာ လောင်ကျွမ်းသွားပြီးတဲ့အခါ လေရဲ့ အမှုန့်ခြေပြီးတဲ့ စိန်တွေနဲ့  ကျွန်းတွေရဲ့အလွန်ကို မင်း ထာဝရ မြင်နိုင်လိမ့်မယ် ဒါက ဒရာမာဆန်ဖို့ အဝေးကြီးပါ  ငါ့မျက်လုံးတွေရဲ့နောက် မျက်ရိုးတွေရဲ့နားကို  တခုခုရောက်လာသလိုမျိုး နာကျင်လာတာဟာ ဘယ်လိုမှ မကောင်းဘူး  ငါ အဲ့ဒီနောက်မှာ မြူတွေ နောက် ထပ်ပြီး မီးမတောက်နိုင်တော့တဲ့ မြူတွေရှိနေတာကိုပဲ နှစ်သက်တယ် ပြီးတော့ အဲ့ဒီမှာ အလင်းရောင်အတွက် ပြိုင်ဖို့မရှိ မင်းရဲ့ရှယ်လီအတွက် ဘိုင်ရွန်မရှိ မင်းရဲ့ အေသီနာအတွက် ဂျူနိုက ဖုံးကွယ်ထားတာမရှိ  မြေယာတွေ စုပေါင်းသိမ်းယူခြင်းအတွက် ကြီးကြီးမားမား ထုတ်ပြန်ချက်မရှိ အတွေးပူပေါင်းတွေအားလုံးက ကွက်လပ်တွေ မြူတွေ ငြင်းဆိုတာမစခင် ငှက်တွေတောင်မှ ငါးပေအတွင်း လုပ်နိုင်တာတောင် သံစုံတီးဝိုင်းအဖွဲ့ဟာ မလေ့ကျင့်နိုင် မိဘမဲ့ကျောင်းရဲ့ ပြတင်းပေါက်ဘောင်ပေါ်က ယင်ကောင်အသေတွေလို  ငါတို့အားလုံးက သေခြင်းရဲ့အသံထဲက အစေ့တွေ မြူနဲ့တူတဲ့ ဘုရားလောင်းကို ကောက်မပြီး လှုပ်လိုက်တယ် ထူးထူးဆန်းဆန်း မြူက ရယ်တယ် ပြီးတော့ သူ့ခြေထောက်တွေနဲ့ပဲ ပြန်ကစားတယ် စိတ်ပျက်ဖို့ကောင်းတဲ့ အေးစက်ခြင်းနဲ့ အထီးကျန်ခြင်းကို ငါ ခံစားရလိုက်ပြီးတဲ့နောက် မြူက ငါ့မျက်ရည်နဲ့ စာရွက်