Posts

Showing posts from April, 2020

လမ်းမပေါ်က ဂီတသမားများ

Image
တခါသေပြီးရင် လမ်းပေါ် လမ်းလျှောက်နေတဲ့  တစုံတစ်ယောက်ရဲ့ ဘဝထဲကနေ ကိုယ့်စိတ်က ထွက်သွားတယ် မြင်ရသလောက် တွေ့ရသလောက်ကို ကုတ်အင်္ကျီတစ်ထည်လို ဖြစ်တည်မှုတစ်ခုထဲ ထုပ်ပိုးထားရင်း သစ်ပင်တွေအောက်က တူညီတဲ့ထောင့်တွေ အသံအနိမ့်အမြင့်တွေ အရိပ်တွေ တစ်ယောက်ယောက်နဲ့ ဝေးကွာနေတယ်လို့ အမြဲခေါ်တဲ့ အရှိန်မြှင့်ပြီးဖြတ်တိုက်လာတဲ့ ဆင်ခြေဖုံးရပ်ကွက်က လေတိုးသံ လေလာရာလမ်းကြောင်းမှာ ဆောင်းဦးပေါက်ရာသီကြောင့် အရာရာဟာ ကြွေကျနေ စည်ပိုင်းထဲက ကိုယ်ပိုင်တဲ့ သိုးမွှေးတွေ ဆုံးရှုံးလိုက်ရပုံဟာ ထင်ရှားတဲ့မိသားစုက နှင်ထုတ်ခံလိုက်ရသလိုမျိုး ဒါဟာ ဒီပုံစံအတိုင်း ဖြစ်ခဲ့တယ် ပြီးတော့ ဖြစ်နေတယ်  တဖက်မှာ တခြားသူတွေ ဘာတွေလုပ်နေလဲ တချက်ကြည့်လိုက်တယ် ဖွင့်ပြောဖို့က အတိတ်မှာကျန်ခဲ့ပြီ ဒါနဲ့ပဲ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မုန်းပြီးမေ့ပစ်လိုက်ကြဖို့ ကြီးပြင်းလာကြတယ် ဒီလိုနဲ့ ငါသိတဲ့ သာမန်တယောတစ်လက်ကို တီးလိုက်တယ် အသံညှိဖို့ မေ့တာလေးတစ်ခုက ငြင်းစရာဖြစ်သွားတယ် ဖြစ်နိုင်ချေရှိတဲ့ အခမဲ့ကြော်ငြာတွေကို ရပ်လိုက် မှုန်မှိုင်းမှုကို ရှောင်ဖို့ ခုနှစ်က သူကိုယ်တိုင် ပြောင်းလဲလိုက်ပြီး နိုဝင်ဘာမှာ နေ့ရက်တိုင်း ကွက်လပ်တွေဖြစ်နေပုံက စာအရပြောရင် အရိုးပေါ်

ဖေဖေ

Image
ဖေဖေက ထပ်မလုပ်တော့ဘူး နောက်ထပ် မလုပ်တော့ဘူးနော်တဲ့ သမီး နေထိုင်နေရတာ အမည်းရောင်ရှူးဖိနပ်ထဲက ခြေဖဝါးတစ်ခုလိုပဲ နှစ်သုံးဆယ်ကြာ ဆင်းဆင်းရဲရဲ ဖြူစုတ်စုတ်နဲ့နေခဲ့ရပြီးတာတောင် နှာချေဖို့သာသာ အသက်ရှူဖို့တောင် အနိုင်နိုင်ရယ် ဖေဖေ၊ ဖေဖေ့ကို သတ်မှဖြစ်မယ် သမီး သတ်ဖို့အချိန်မရသေးခင် ဖေဖေက သေသွားပြီ စကျင်ကျောက်တွေနဲ့ လုပ်ထားပြီး လေးလံတဲ့ ဘုရားတွေက အိတ်နဲ့အပြည့် မီးခိုးရောင် ခြေချောင်းတစ်ချောင်းနဲ့ ကြောက်စရာရုပ်တုကြီးက ဆန်ဖရန်စစ်စကိုက ပင်လယ်ဖျံလောက် ကြီးမားလာ ထူးခြားတဲ့ အတ္တလန္တိတ်ထဲ ခေါင်းကမြုပ် လှပတဲ့နော့ဆတ်ရေပြာပြာထဲ ပဲစိမ်းတွေကို သွန်ချ ဖေဖေပြန်နေကောင်းဖို့ ဆုတောင်းခဲ့ပါတယ် အို ဘုရားသခင် ဂျာမန်တွေပြောစကားအရ ပေါလစ်ရှ်မြို့ထဲမှာ  စစ်ပွဲတွေ စစ်ပွဲတွေ စစ်ပွဲတွေကြောင့်  ဒလိမ့်တုံးနဲ့လှိမ့်ပြီး ခြစ်ချခံရသလိုမျိုး ပိုလန်က သူငယ်ချင်းတွေပြောသလိုဆို မြို့နာမည်က တူနေတာ အဲ့ဒီမှာ တစ်ဒါဇင်မက နှစ်ဒါဇင်လောက် ရှိတာ ဒီလိုဆို သမီး ဖေဖေအခြေချတဲ့နေရာ  အမြစ်စတွယ်ခဲ့တဲ့နေရာကို ဘယ်တော့မှ မပြောတော့ဘူး လျှာက မေးရိုးထဲမှာပဲ ငြိနေ ငြိနေပုံက သံဆူးထောင်ချောက်မှာ ငြိနေသလိုမျိုး အား အား အား အား စကားတောင် ပြောဖို့ သမီး အတော်အား

အချစ် ရောက်လာတဲ့အခါ

Image
အချစ်က ဘာနဲ့တူလဲဆိုတာ ၇ တန်းမှာ ငါအတိအကျသိခဲ့တယ် ငါက အချစ်နဲ့ အခုထိ မဆုံစည်းခဲ့ပေမယ့်  ငါ သူ့ကို ပထမဆုံးအကြိမ် လှည့်ကြည့်လိုက်တာကို သတိရခဲ့တုန်းက အချစ်က ငါ့အိမ်ခန်းထဲမှာ လှည့်ပတ်နေတယ်  အချစ်က လျှော်လည်ဆွဲတစ်ကုံး ဝတ်ထားတယ် ငါ သူမကို ပထမဆုံးအကြိမ် လှည့်ကြည့်လိုက်တာကို သတိရခဲ့တုန်းက အချစ်က ခပ်ကျစ်ကျစ် ပြင်သစ်ကျစ်ဆံမြီးကို စည်းထားတယ် အချစ်က အကွန်းစတစ် ဂစ်တာတီးပြတယ်  နောက်ပြီး အချစ်က ငါကြိုက်တဲ့ ဘီတဲလ်သီချင်းတွေကို အကုန်သိနေတယ် အချစ်က ငါနဲ့ ဘတ်စ်ကားအတူစီးရမှာ မကြောက်ဘူး နောက် ငါရှာတဲ့ စာသင်ခန်းက မှားနေတာကို သိလိုက်ချိန်မှာ စင်္ကြံလမ်းကလည်း မှားနေတာကို သိလိုက်တယ် သူမက အဲ့ဒီမှာရှိနေတော့ ငါ မှားနေတာ ပိုသေချာသွားတယ် ငါ သူ့ကို ရှာနိုင်ဖို့ပဲလေ ဒါပေမယ့် နောက်ဆုံး အချစ်ကို ပြလိုက်ချိန်မှာ သူမက ဆံပင်ကုတ်ဝဲဖြစ်သွားပြီ သူကလည်း တစ်ပတ်လုံး ဒီအဝတ်အစားပဲ ဝတ်ပြတယ် အချစ်က ဘတ်စ်ကားစီးရတာ မုန်းသွားပြီ အချစ်က ဘီတဲလ်နဲ့ ပတ်သတ်လို့ ဘာမှမသိတော့ဘူး အချိန်တိုင်း အချစ်ကို နမ်းရမယ့်အစား ငါတို့သွားတွေက လမ်းပိတ်ထားကြတယ် ငါ့မိဘတွေကို ငါ လိမ်ဖို့အတွက် အချစ်က အကြောင်းပြချက်ဖြစ်လာတယ် ငါ ဘန်ရဲ့အိမ်မှာ သွားနေလိုက်တယ် အချစ်က

တိမ်တိုက်များတွေ့ဆုံခြင်း

Image
ဒါက ငါတို့လိုချင်တဲ့ ဘဝပုံစံမျိုးဖြစ်လိမ့်မယ် မနက်ခင်းမှာ စတော်ဘယ်ရီရိုင်းနဲ့ ကရင်မ်တွေလို အခန်းတိုင်းမှာ နေရောင်ခြည်ကျနေ ဗလာပင်လယ်ပေါ် ငါတို့နှစ်ယောက် လမ်းတွေလျှောက် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ တချို့ညနေခင်းတွေမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့ကြ နောက်ထပ်ဘာလာမလဲမသိတဲ့ မသေချာမှုတွေနဲ့ မီးပြဇာတ်ထဲက အလွမ်းသမားသရုပ်ဆောင်တွေလို ငှက်တွေ ငါတို့ခေါင်းပေါ် လှည့်ပတ်ဝဲပျံချိန်မှာ ခုထိ အနက်​ရောင်ထင်းရှူးပင်တွေက ထူးဆန်းစွာရှိနေတုန်း နေဝင်ချိန် ငါတို့ နင်းတက်ခဲ့တဲ့ ကျောက်ဆောင်တစ်ခုစီမှာ သွေးတွေပေကျံ သောင်ပြင်ကနေ ငါတို့ ဝိုင်ကို တဖြေးဖြေးသောက်ပြီး ပြန်လာခဲ့ မပျော်ရွှင်ခြင်းအဆုံးသတ်ရဲ့ သဲလွန်စဟာ ဘာကြောင့် အမြဲတမ်းဖြစ်နေတာလဲ တိမ်တွေဟာ လူတွေလိုပဲ မိုးကုပ်စက်ဝိုင်းပေါ်မှာ တွေ့ဆုံကြရင်း နားနေကြတာဟာ ချစ်စရာ လေဟာ ဖြေးဖြေးတိုက်နေသလို ပင်လယ်ဟာလည်း ဒုက္ခမပေး ကြယ်မစုံတဲ့ညတစ်ညဟာ  ငါတို့ပေါ်ကို ရုတ်တရက်ရောက်လာ ဖယောင်းတိုင်မီးကို ထွန်းပြီး ငါတို့အခန်းထဲထိ ဘာမှမကာပဲ သယ်လာပါ ပြီးတာနဲ့ မြန်မြန် မီးမှုတ်လိုက်ပါ ခုထိ အနက်ရောင်ထင်းရှူးပင်နဲ့ မြက်ပင်တွေဟာ ထူးဆန်းစွာ ရှိနေတုန်းပဲ

ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး

Image
ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး မင်းကို ငါ ချစ်နေတာကနေ မချစ်မိအောင် ငါကြိုးစားမယ် မင်းကို စောင့်နေမိတာကနေ မစောင့်ဖြစ်တော့တဲ့ထိပေါ့ အေးစက်စက် ငါ့နှလုံးသားလည်း မီးလိုပူပြင်းနေပြီ ငါ မင်းတစ်ယောက်တည်းကို ချစ်ရတာ ၊ ငါချစ်ခဲ့တဲ့ တစ်ယောက်တည်းသောသူဟာ မင်းပဲမို့ ငါ မင်းကို အရမ်းမုန်းတယ် ၊ ပြီးတော့ မုန်းတယ် မင်းဆီကို ယိမ်းနေတဲ့ ငါ့ရဲ့ပြောင်းလဲသွားတဲ့ မင်းကိုချစ်မိတဲ့အချစ်တွေကို တိုင်းတာနေမိတယ် အဲ့ဒါ‎ကြောင့်ပဲ မင်းကို ငါ မိုက်မိုက်ကန်းကန်း ချစ်ခဲ့တာနေမှာ ဇန်နဝါရီရဲ့အလင်းက ရက်စက်မှုတွေအပြည့်နဲ့  ငါ့နှလုံးသားကို ဝါးမျိုနေပြီ နောက်ပြီး အေးချမ်းမှုအစစ်ကိုရဖို့ ငါ့သော့ကို ခိုးထားတယ်လေ ဇာတ်လမ်းရဲ့ ဒီအပိုင်းမှာတော့ ကိုယ်ဟာ သေလူတစ်ယောက်မျှသာပဲ မင်းကို ချစ်မိလို့ပဲ အချစ်ကြောင့်ပဲ ငါသေရတော့မယ် အဲ့ဒါ ငါမင်းကို ချစ်မိလို့ပဲ အချစ် ၊ မီးနဲ့ သွေးသားထဲမှာ။

19-20

အချိန်ကာလတိုက်စားသမျှဟာ အားလုံး အရုပ်တွေပဲ ငါတို့ ကမ္ဘာကြီးကို ရေမှာ အရုပ်ရေးသလို ကာကွယ်ကြ တရားခံရှာရင်း သက်သေဟာ ပစ်မှတ်နဲ့ အနီးဆုံးနေရာမှာ ဂူသွင်းသင်္ဂြိုလ်ခံရပြီး ပွဲမပြီးမချင်း အလိုတူအလိုပါ အသံထွက် ရယ်ပေးရတယ် အော်ဟစ်သံတွေနဲ့အတူ တည်ရှိနေတဲ့ ဖြေဆေးမရှိတဲ့အဆိပ်တွေ ဘုရားသခင်က ငါတို့အတွက် ဦးနှောက်တစ်ခုအစား လိုရာသုံးဖို့ လက်တစ်ဖက် ပေးသနားတော်မူတယ် ငါတို့လက်နဲ့ ယက်ထုတ်လို့မရတဲ့ ရေဒီယိုပျက်လို  ဒုက္ခိတနဲ့တူတဲ့ လူအုပ်ထဲက လူတွေဟာ နေ့စဥ်​  ရေလဲလို သတ်မှတ်ထားတဲ့တန်ဖိုးတွေကို သုံးစွဲရင်း တွက်ချက်  လို့မရတဲ့ တစ်ဖက်ပိတ် ပြဿနာတွေကြား အမြင့်ဆုံး မျှော်လင့်နိုင်ခြေက အခုအချိန်မှာ ပြန်မေးခွန်းထုတ်စရာ ဖြစ်လာနေပြီ တန်ဖိုးဖြတ်မရတဲ့အချိန်ဟာ ငါတို့အတွက်တော့ လောင်မြိုက်နေတဲ့ စီးကရက်တစ်လိပ်လို  ဒီအချိန်မှာ စားသောက်ဆိုင်ဘေးလမ်းက ကြော်ငြာဘုတ်တွေကလည်း ဂျင်းထည့်လို့ ကောင်းတုန်း ယဉ်ကျေးမှုကို ဗန်းပြပြီး နောက်ဆုံး သားသတ်လွတ်ဟာ မြက်ခြောက်တွေသာ ကျန်တော့တဲ့အထိ အချင်းချင်း ဝါးမြိုဖို့ ရောက်လာကြတဲ့  အသားစားတွေ စျေးကွက်ထဲက အလိမ်အညာစကားတွေဟာ   အပျင်းပြေ ဝါးစားတဲ့ ရေညှိဖတ်တွေလို အတုတွေကို အစစ်လို့လိမ်ရောင်းရင်း  ကိုယ်တိုင