- Wish -

ကိုယ်ချစ်ရတဲ့သူကို အမြဲ ပျော်နေစေချင်
ပျော်မနေရရင်တောင် ပျော်စရာတွေ ဖန်တီးပေးချင်
နောက်ဆုံး ကိုယ့်ကြောင့် စိတ်မဆင်းရဲရစေချင်
လိုသုံးလို့ မခံစားရစေချင်
ကိုယ့်ရဲ့ First Priority လို့ သိစေချင်
သတိရတိုင်း မေတ္တာလေးတွေ ပို့ပေးနေချင်
အစစအရာရာ အဆင်ပြေစေချင်
ကျန်းကျန်းမာမာနဲ့ သက်ဆုံးတိုင် ရှိနေစေချင်
ချစ်သူမျက်နှာ နေတစ်ပြောက် ထိုးရင် ကိုယ့်လက်ဖမိုးလေးနဲ့ လုံသလောက် ကာပေးချင်
ကိုယ့်ကမ္ဘာမှာတော့ ကိုယ်ဟာ အချစ်တတ်ဆုံး လူသား …

7.4.2018 2:13 AM

Comments

Popular posts from this blog

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

အိမ်ပြေးတယောက်အတွက် ဆွန်းနက်