Posts

Showing posts from December, 2021

သေခါနီးကဗျာရေးကြသူများအကြောင်း* သင်သိပြီးပြီလား

သေခါနီးတဲ့အထိ ကဗျာရေးဖို့ ကြိုးစားခဲ့ကြတဲ့လူတွေအကြောင်း သင်တွေးမိသေးလား။ ကမ္ဘာပေါ်ကလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ငယ်ငယ်ကတည်းက ကဗျာရေးဖို့ ကြိုးစားကြရင်း နောက်ဆုံးသေသွားကြတယ်ဆိုတာရော သင်သိပြီးပြီလား။ ရေမှာအရုပ်ရေးသလိုမျိုး ရေးရေးပဲပေါ်လာမယ်လို့ သင်ထင်တဲ့ကိစ္စတွေရှိချင်ရှိမယ်။ အဲ့ဒါတွေကို ပြန်တွေးတိုင်း ငယ်ဘဝက ယိုပေါက်တခုကနေ စီးဆင်းလာတဲ့ ဆီတွေလိုပဲ။ အဲ့ဒီဆီတွေကို သင်ဘယ်တော့မှ ပိတ်နိုင်မှာ မဟုတ်ဘူး။ သင်ကိုယ်တိုင်ပြောတဲ့ အဆုံးသတ်တွေကို တခါတည်းနားမလည်လို့ သင် ပြန်တွေးနေရမယ်။ ဥပမာ - လှပသောခြေသလုံးများအကြောင်း သင်ယူနေရချိန်မှာ သင်က ဆိပ်ကမ်းမြို့ရဲ့ တဖက်ကမ်းကို ရောက်နေပြီဆိုတာမျိုး။ စွဲလမ်းမှုနဲ့ အထီးကျန်ခြင်းတွေက သင့်ရဲ့အဖော်ဖြစ်တယ်။ သင့်မှတ်ဥာဏ်အပိုင်းအစတွေနဲ့ သိမှုတွေကို ဆင်ခြင်နေတုန်းမှာ သင် မမေ့လို့ ဝမ်းမြောက်ရမယ်။ နောက်ဆုံးတော့လည်း တဖြေးဖြေးနဲ့ သေသွားမယ့်အတူတူ ဝေဒနာတွေ ထပ်မဖြစ်လာအောင် မှတ်ဥာဏ်တွေကို သင်မေ့ပစ်ရတယ်။ မုတ်ဆိတ်တွေရှည်လာတဲ့အခါ စိတ်ပါရှည်လာနိုင်လို့ သင့်မှာ တွေးတွေးပြီး ပျော်ရတယ်။ မိုးကုပ်စက်ဝိုင်းက ဘယ်မှာလဲလို့လာမေးတိုင်း သင်သိသိရက်နဲ့ မသိချင်ယောင်ဆောင်ရတယ်။ လနီနီကိုမြင်ရတဲ့အခါ

အိမ်ပြေးတယောက်အတွက် ဆွန်းနက်

အဓိပ္ပာယ်ကောက်မှားခဲ့သူလို့ အကြောင်းပြပြီး လုပ်ခဲ့တာတွေအတွက် နောင်တမရကြေးလေ အိမ်ပြေးတယောက်အတွက် ဘုရားသခင်ရဲ့ မှားယွင်းစွာကောင်းချီးပေးမှုက သေချာပေါက်စောင့်ကြိုနေမယ် မင်းမလိုအပ်တော့တဲ့ မျှော်လင့်ခြင်းမျှစ်စို့တွေက မင်းနောက်ကျောကနေ ထိုးထွက်လာတော့မယ် ရေဝဲလိုဆုံးရှုံးမှုတွေက ငါအပါအဝင် မင်းဘဝမှာ နေ့တိုင်းပေါင်းထည့်နေစရာမလိုလောက်အောင် ကြုံရမယ် ဒီ့အတွက် အကြောင်းမဲ့ပြောဆိုသူတွေဟာ ရန်လိုသူဖြစ်တယ်ဆိုတာ ပြောဖို့မလိုဘူးထင်တဲ့အတွက် ငါချန်ထားခဲ့တယ် မင်းက သီလရှင်တပါးရဲ့ စာချသံလိုမြည်တမ်းမှုမျိုးနဲ့ မသေအောင်နေမယ်လို့တော့ ငါ့ကိုပြောပါတယ် ပြောင်းပြန်တင်းကျပ်မှုတွေကြားထဲ မင်းအဆင်မပြေလည်း ပျော်အောင်နေဖို့ ငါမှာချင်တယ် ဝက်ဝံရဲ့မျက်လုံးနဲ့တူတဲ့အနမ်းတွေက မင်းတကိုယ်လုံးပွတ်သတ်နမ်းရှိုက်ကြတဲ့အခါ ငါ့မှာ ယားယံမှုကို  မျိုသိပ်ထားရင်း မင်းကို အောင့်သက်သက်နဲ့ ကြည့်နေရတာတော့ မင်း ရိပ်မိမယ်မထင်ဘူး အစဥ်အလာဆိုတာ ကိုယ့်လို အိမ်ပြေးတယောက်ကို နားလည်တဲ့သူမျိုးနဲ့တွေ့ဖို့ နှစ်နဲ့ချီပြီးစောင့်ရတာဖြစ်ပြီး ဇွတ်တရွတ်နိုင်တာက အိမ်ပြေးတယောက်အဖို့ အကောင်းဆုံးအဖော်ပဲဆိုတာ မင်းသိမှာပါ အချိန်ကာလမှာ ပျော်ဝင်ခဲ့သော ငါတို့ရဲ့ ဇာတ်ကြောင်

ASMR

(ဆူးနွယ်သို့ ကဗျာလက်ဆောင်) မင်းအနီးနားမှာ ငါရှိကြောင်း သက်သေပြပါလို့ မင်းကပြောမယ် ငါ့နားမှာ အလကားအားနေ စိုးရိမ်နေတတ်တဲ့ လိပ်ပြာတွေရှိတယ် ငါ့ရဲ့လည်မျိုမှာတော့ ဂန္ဓမာပန်းတွေ အပြိုင်းအရိုင်းပေါက်နေမယ် သံယောဇဥ်မဖြတ်နိုင်သူများ အချိန်မီ အရေးပေါ်ဖုန်းကိုခေါ်ပါ ရူးချင်ယောင်ဆောင်နေတဲ့ ဂြိုဟ်တလုံးလုံးရဲ့ တနေရာရာမှာတော့ မင်းနဲ့တွေ့ဖို့ ငါ သေချာပေါက် စောင့်နေမယ် ငါနဲ့လာတွေ့တဲ့အခါ အိပ်မက်ထဲမှာ မင်းကိုငါပေးခဲ့တဲ့ အပြာရောင်ဝက်ဝံရုပ်ကို ယူလာပါ ဝက်ဝံရုပ်ကို ရေခဲသေတ္တာထဲမှာ မင်း ဘယ်တော့မှ ရှာတွေ့မှာမဟုတ် ဝက်ဝံရုပ်က နေဆယ်စင်းနဲ့ အနီးဆုံးမှာရှိမယ်လို့ သူတော်စင်တပါးက မင်းကိုလမ်းညွှန်မယ် မင်းက ငါ့ကိုမြင်ရင် ဘုရှိုးရှိုးမယ် နောက် လူအလစ်မှာတော့  ငါ့ဓာတ်ပုံကို ရွှတ်ခနဲမြည်အောင်နမ်းပြီး ရယ်နေလိမ့်မယ် တိတ်တခိုးလေး ဂျီးထူနေတဲ့မင်းကို ငါ ဖြီးဖြန်းပြီးပြောမယ် ချိန်းဆိုမှုတွေမှာ တိကျမှုတွေမပါ လွဲချော်မှုတွေဟာ ကြံရာမရလို့ ဖြစ်သလိုလုပ်ပေးလိုက်ရတာတွေချည်း လုပ်ကြံဖန်တီး ထားတဲ့ စမ်းသပ်မှုတိုင်းမှာ အရေးပါအရာရောက်တဲ့ သက်ရောက်မှုတွေရှိတယ် မနေ့ကပြီးသွားသော ကိစ္စများအား အမှန်ခြစ်ပါ အမြဲလောပြီး  အမှားလုပ်တတ်တဲ့ ခရုတကောင် အခွံ

၂၁ရာစုမှာ မင်းကိုဗဟိုပြုပြီး စဥ်းစားကာနေရဦးမယ့်* ကဗျာတပုဒ်

ပူရှိန်းရောင် မိုးကောင်းကင်ထက်မှာ ဝဲပျံနေသော ပျံလွှားငှက်များကို မမေ့အောင် လက်ခေါက်မှုတ်၍ ခေါ်ပါ  ခေါက်ရှာငှက်သည် ဝေဝါးနေသော အတိတ်အာရုံမှ ပေါ်ပေါက်လာတတ်ပြီး နာဠာဂီရိဆင်သည် နာမည်ဆိုးနှင့် ကျော်ကြားကြောင်း ပေါက်ပေါက်ဆုပ်စားပြီး ပြောပါ မေ့တတ်လို့ စဥ်းစားနေရတာမဟုတ်ပဲ မစဥ်းစားတတ်လို့ မေ့နေရသူဟာ ကိုယ်ပါ အားဆေးသောက်ပြီး အိပ်ရင် ခရီးဝေးသွားရမယ်လို့ အိပ်မက်မက်မယ် အိပ်ရာကနိုးလာတော့  ငါ့ရဲ့မေ့ဉာဏ်ထဲက လွတ်လပ်မှုပုံရိပ်တွေဟာ လဝန်းလေးနဲ့တူတဲ့မင်းကိုဗဟိုပြုပြီး အချိန်ယူ စဥ်းစားနေမိတယ် ငါထင်တဲ့အတိုင်းပဲ  ငါ့မှာ ပြောစရာဆိုလို့ ပြောစရာစကားလုံး မလုံလောက်တာပဲရှိပါတယ် မင်းရှေ့မှာ ငါ ဘယ်လောက်ပဲ သေးငယ်သွားပါစေ ငါ့မှာမင်းပဲရှိကြောင်း ကိုယ့်ချစ်သူကို ဒါပဲပြောပြောနေရတယ် မေ့ချင်နေတဲ့  ဟန်ဆောင်မှုတွေဟာ အပေါ်ယံတွေမပါပဲ မင်းကို စမ်းရေစီးသံလို အနမ်းတွေနဲ့ ကြိုနေမယ်  နောက်ဆုံးနေ့ရက်တွေမှာ အတူရှိနေပေးခဲ့တဲ့ ပုတ်သင်ညိုဟာ လက်တွေ့မှာ အရောင်ပြောင်းတတ်သလိုမျိုး  လိုအပ်နေတာက အနာဂတ်ထက် အတိတ်ကို မှန်အောင်ပြောနိုင်မယ့် ၂၁ ရာစုမှာ တော်တော်ပေါင်းရခက်တဲ့ ပူရှိန်းရောင်  ကောင်းကင်ယံနားက သက်တံ့ပေါ်မှာထိုင်နေတဲ့ လူတဦးက ဘယ်သူရွေးရွေး

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

တကယ်လို့ ငါ့မျက်နှာပုံတူ ပန်းချီကားပေါ်က မျက်ရည်စက်လက်နဲ့ သွေးကွက်တွေအစား ပန်းတွေ ပွင့်မလာတော့ဘူးဆိုရင်  ငါမရခဲ့တဲ့ တစုံတခုတွေအတွက် ယူကြုံးမရဖြစ်နေခြင်းတွေဟာ နောက်ဖေးလမ်းကြားမှာပဲ ထပ်ပြီးကျပျောက်မသွားဘူးဆိုရင်  မသေမရှင်ဖြစ်ပြီး ပျောက်သွားတဲ့ ငါ့ဇာတ်ကောင်ကို ကမ္ဘာလဆန်းတရက်မတိုင်ခင် တရက်တလိုက ဘားတခုမှာ ငါတွေ့ခဲ့ရင် ငါဟာ တော်တော်ပျော်မိမှာပဲ ငါဟာ ငါ့ရဲ့ပုံတွေထဲမှာ ငါ့ကိုယ်ငါ အပြုံးတွေနဲ့ အမြဲဝှက်ထားတတ်တဲ့အခါ ငါက အူကြောင်ကြောင်နဲ့ မင်းကို မော့ကြည့်နေခဲ့မိလိမ့်မှာပေါ့ ပြီးမှ သွေးအေးအေးနဲ့ မင်းရဲ့လည်မျိုကို ဓားနဲ့စိုက်မယ်  အဲ့အခါကျ မင်းကောက်ရတဲ့ ခဲခြစ်ကဒ်ပြားပေါ်က နာကျင်မှုတွေကို ရေရွတ်ပြီး ကြေကွဲမနေနဲ့တော့ အိပ်မက်ထဲကပင်လယ်ဟာ နာကျင်မှုတွေကို ပျော်ရွှင်မှုအဖြစ် အသွင်ပြောင်းပြီး ပလုပ်ပလောင်းနဲ့ မျိုချလိုက်တယ် ငါတို့နှစ်ယောက်ထဲက တယောက်ယောက်ရဲ့ ဘယ်ဘက်လက်ထဲမှာ ဒါမှမဟုတ် အခြားနေရာဒေသ တခုခုမှာရှိနေမယ်ဆိုရင်  ငါတို့ဘယ်သူနဲ့မှမတိုင်ပင်ပဲ တိတ်တဆိတ် လှိုင်းမူးနေကြမယ်  အဲ့အဖြစ်အပျက်တွေက ပင်လယ်ပြင်ပုံမှာပေါ်လာပြီး ငါ့ဆီကနေ မင်းဆီ တရွေ့ရွေ့လှော်ခတ်သွားတာဖြစ်တယ် အခုမလည်း ကြည့်ဦးလေ ငါစကားပြောတတ်စအရွယ်မှာ ငါ

ကြေကွဲငှက်များ၏ တနင်္ဂနွေညနေခင်းကို သင်သိသလို စာလုံးပေါင်းပါ

ကြေကွဲငှက်များ၏ တနင်္ဂနွေညနေခင်းကို သင် ဘယ်လိုစာလုံးပေါင်းမလဲ ခေတ္တနွေယဥ်စွန်းတန်းရဲ့ အသွားအပြန်မရှိတဲ့ ရထားလမ်းတွေရဲ့အပေါ်မှာ မြူဟာ အလှဆုံး မိန်းမပျို၊ နီယွန်မီးရောင်ဟာ ဆေးတံဖွာနေတဲ့ အဘွားအိုပဲ၊ ညတွေဆို ကောင်းကင်ကို တစ်ဝကြီးမော့ကြည့်ပြီးမှ သူတို့ ခေါင်းပေါင်းပေါ်  နှင်းမကျတာ ပုံပြင်မဟုတ်မှန်း သတိထားမိကြပေမယ့် ကြယ်တွေ သိပ်လှကြောင်း၊ ရှောစောင်တစ်ထည်ဟာ အလွန်အရေးပါကြောင်း ကလေးတွေကို ပုံပြောတိုင်း ထည့်ပြောဖြစ်တယ် ခြေတဖက်ဆာနေတဲ့ ကမ္ဘာမှာ နောက်ထပ်ကမ္ဘာတခုရှိတယ် အဲ့ဒီကမ္ဘာမှာ နွယ်ကြိုးရှည်ကြီးနဲ့ လွန်ဆွဲပွဲလုပ်ပြီး ဖယောင်းတိုင်မီး ပြိုင်တူမှုတ်ကြတယ် "သွားလေရာ အရင်သေသွားတဲ့သူရဲ့ မျက်တောင်တွေကို နှုတ်ယူပြီး အိပ်ကပ်ထဲ ထည့်ထားဖို့၊ သေသူနဲ့အတူ လည်ရွဲတစ်ကုံး ထည့်ပေးဖို့ ကတိကဝတ်ပြုပါ၊ မနက်ခင်းစျေးထဲက ခိုစာနည်းနည်းဝယ်ပြီး အနီးဆုံးငါးကန်ထဲ ပစ်ချပါ"  အိမ်နီးချင်းတွေနဲ့ မိုးပြိုတဲ့နေ့က တံငါသည်၊ ပင်လယ်နဲ့ မိုးကုပ်စက်ဝိုင်းတို့ ဆိုင်မဆိုင် သူတို့ ငြင်းကြခုံကြတယ် ကိုယ်ဝန်ဆောင်သည်တွေကို အပြစ်မတင်ချင်ရင်နေ ဆုံးသွားတဲ့ဆွေမျိုးတွေကိုတော့ ရောက်ရာအရပ်က ပြန်ခေါ်ပါလို့ ရေဒီယိုကနေ အသံတွေကြားရတယ်  အနီးနားက

လေးလံလွန်းတဲ့ ငှက်မွေးနဲ့ ဝက်ရုပ်စုဘူးထဲက ရွှေငါးများအတွက် ရောက်တတ်ရာရာ ကဗျာတပုဒ်

(၁) နေရောင်အောက်မှာ ဘာရှိသလဲ ရွှေငါးတော့ မရှိဘူး ချိုးရုပ်တွေပဲရှိတယ် ရေခူတွေ နှင်းခူတွေကတော့ အသံမမြည်တတ်ကြဘူး ကျွဲတွေရဲ့ တင်ပါးလိုပေါ့  ဘုန်းကြီးတွေဟာ အသိုးစားတယ် ရေထဲကကျားဖြူကတော့ အသားစားတယ် ဘုရားလို့ထူးတယ်  ဘုန်းကြီးတရားက "မကြာမကြာ အခါခါ ပလီပလာ တခါတခါ ရယ်စရာ မပါပါအောင် ပြောတတ်သော ဥယျာဥ်မှူးနှင့် သူ၏ ပရိသတ်ဖြစ်သော ကလေးများသည် လေးလံသော ငှက်မွေး ဖြစ်၏" (၂) အချိန်ဟာ သွေးဖြစ်တယ် သွေးတွေက မပျက်မကွက် စကားဆိုတယ် ဝက်ရုပ်ထဲက ရွှေငါးများဟာ ပုံစံခွက်ကို ပုံဆန်ခွက်လို့ရေးမိလို့ ဆန်ခွက်တွေကို ပုံထားရတာ ဆန်တွေက လှေကားပေါ်က လျှောဆင်းလာတာ လိမ့်ကျတာမဟုတ်ပါဘူး ဆန်ခွက်နဲ့ ခံတောင်းက ပုံပြောဆရာရဲ့ ပုံပြင်ထဲ မဆိုင်ဘူး ထင်ရပေမယ့် တကယ်ခြင်စရာ ဆန်မရှိတဲ့အခါကျ ခံတောင်းကို ဆန်ခွက်အနေနဲ့ ဆန်မုန့်တခုခုနဲ့ အဆာပြေ လဲစားကြရတယ် (၃) ဝပ်ကျင်းထဲက ကြက်ပေါက်နှစ်ကောင်ဟာ ပုံမှန်ပဲ ကျင်းနှုတ်ခမ်းဟာလည်း ပုံမှန်ပဲ  အိပ်မက်ရဲ့ အနားသတ်ကတော့ တော်တော်ကျယ်ပြောတယ် ဘဲတကောင်အတွက် ဆွန်းနက်ကို ငါရေးနေတုန်း မင်းက ပုံမှန်မဟုတ်တဲ့ သံယောဇဉ်ဖြတ်စတွေကို လိုက်သိမ်းနေပြီ မယုံကြည်သူအဖို့ အဖြစ်အပျက်တွေဟာ ထင်ထားတာထက် သိပ်သည်းလွန်းလှပါတယ