Posts

Showing posts from May, 2021

ငါ့ကလေးရဲ့ ပထမဆုံးမွေးနေ့

Image
ငါ့အမေမှာ ယောနိနှစ်ခုရှိတယ် တခုက ငါ့ကို မွေးဖို့အတွက်နဲ့ နောက်တခုက ငါ့ကိုထိန်းသိမ်းထားဖို့အတွက် ပထမယောနိထဲမှာ ငါ့မှာ နာမည်နှစ်ခုရှိတယ် ငါ့ကိုငါပေးထားတဲ့နာမည်နဲ့ ငါ့ကိုတခြားသူတွေကပေးထားတဲ့နာမည် ငါ့ယောနိမှာလည်း နာမည်တစ်ခုရှိတယ် အဲ့ဒီနာမည်ကို မေ့သွားတာက ရာသီဥတုက ပြောင်းသွားလို့ ရာသီဥတုပြောင်းသွားတာ ဘုရားသခင်ကြောင့်ဆိုတာ အသိသာကြီးပဲ ငါတို့က လူမှုပတ်ဝန်းကျင်အနေနဲ့ ငါ့တို့ရဲ့ ဒီယောနိတွေကို နာမည်ပေးတာ ရပ်ခဲ့တယ် နည်းလမ်းအဟောင်းတွေက အချို့နည်းလမ်းတွေအသစ်ပြန်ဖြစ်လာအောင် ပြုလုပ်တယ် ဒီကမ္ဘာမှာ ငါတို့မြုပ်နှံတဲ့ အဟောင်းတွေထဲ သူတို့ရဲ့ ကလေးခန္ဓာကိုယ်တွေရဲ့နေရာမှာပဲ  ဒီလိုနဲ့ ငါတို့အိပ်စက်ခြင်းအသေတွေဆီကနေ နိုးထလာချိန်မှာ ငါတို့က တောက်ပတဲ့ ကြယ်သေးသေးလေးတွေ ဖြစ်လာလိမ့်မယ် သေခြင်းတရားဟာ ကမ္ဘာဆီဆို့ သေခြင်းတရားဟာ အချစ်ဆီသို့ ငါတို့ရဲ့ ဆယ်ကျော်သက် ဘုရားသခင်အသေးစားလေးတွေ ဖန်တီးတဲ့အချိန်မှာ  သူတို့ယောနိတွေက အတင်းအကြပ်ဖက်ထားတာက  ဒီကမ္ဘာဟာ ငါတို့ ထာဝရမနေသည့်တိုင်အောင် ငါတို့အတွက်  တကယ့်အစစ်အမှန် လုပ်ထားတာပဲလို့ ငါတွေးတယ် ငါတို့ တခြားသူတွေကို ဘယ်လိုပြောရမလဲဆိုလည်း မသိဘူး သူတို့အမေတွေရဲ့ မှောင်မိုက်မှုတွေအားလုံ

My Podcast Link

My Podcast on these site - Google Podcasts https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy9hZmIxYzI0L3BvZGNhc3QvcnNz Spotify https://open.spotify.com/show/6JqgIY1ld2NqUVHr1vSpsI Anchor  https://anchor.fm/myozawlynn Breaker https://www.breaker.audio/poems-10 Pocketcasts https://pca.st/cak6ry7r Radiopublic https://radiopublic.com/poems-GKBxrv

နိုင်ငံတော်သီချင်းအသစ်တစ်ပုဒ်

Image
တကယ်တမ်းကျ ငါက နိုင်ငံတော်သီချင်းဆိုတာကို ဘယ်တုန်းကမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး မင်းလည်း နိုင်ငံတော်သီချင်းအကြောင်းကို တွေးနေရင် အဲ့ဒါက သီချင်းကောင်းတစ်ပုဒ်မဟုတ်ဘူး ငါတို့အများစုအတွက် ဒုံးကျည်က မီးရှူးတွေလိုပဲ အရမ်းမြင့်လွန်းနေတယ် ပြီးတော့ အဲ့ဒီမှာ ဗုံးတွေရှိတယ် (အမြဲတမ်း အမြဲတမ်း ၊ အဲ့ဒီမှာ စစ်ပွဲနဲ့ ဗုံးတွေပဲရှိတယ်) တစ်ခါက ငါ အဲ့ဒီနိုင်ငံတော်သီချင်းကို အထက်တန်းကျောင်းက တီးဝိုင်းမှာ ဆိုခဲ့ပြီးတာတောင်မှ အိမ်ပြန်တဲ့အထိ ဆိုနေခဲ့တုန်းပဲ တကယ်တမ်းကျ အဲ့ဒီသီချင်းက ဘာကိုမှဆိုလိုတာမဟုတ်ဘူး လူငယ်တွေ မရပ်မနား မတော်လှန်ခင် တခုခုမစခင် လယ်ကွင်းထဲ ခေါ်လိုက်တာပဲ ဒီသီချင်းရဲ့ ဘယ်အပိုဒ်ကို ငါတို့တွေ လုံးဝမဆိုတာလဲ သီချင်းတတိယပိုဒ်မှာ ရေးထားတာက "ဘယ်ဒုက္ခသည်တွေမှ ကျွန်တွေကို ပိုက်ဆံချေးပြီး မကယ်နိုင်ဘူး" ဆိုတာမလား တကယ်တမ်း ဖြစ်နိုင်တာက  ဒီနိုင်ငံရဲ့ သီချင်းတိုင်းမှာ မဆိုကြတဲ့ တတိယအပိုဒ် တပိုဒ်စီရှိတယ် ငါတို့အားလုံး နိုင်မယ်လို့ မျှော်လင့်ရင်း ငါတို့ မျက်လုံးမှိတ်ပြီး ဒီသီချင်းရဲ့ အမြင့်သံတွေဆိုလိုက်တိုင်း အောက်ခြေကို ဘီယာတွေ စီးဆင်းသွားတယ်  ငါတို့ရဲ့အောက်ခြေမှာ ဒုက္ခပေးမယ့်မြွေဆိုးတချို့လည်း ရှိနေတ