ကျနော်တို့ဟာ တခါတလေ ကိုယ်ချစ်တဲ့သူကို ကိုယ်ကိုယ်တိုင်မိုးထားမိတဲ့ အရိပ်က လောင်းရိပ်ဖြစ်မှန်းမသိ ဖြစ်နေတတ်တယ်
ကလေးလေးတစ်ယောက် လေးဖက်ထောက်တွားသွားကနေ လမ်းစလျှောက်သလိုပဲ
ကိုယ်က ဘေးနားကနေ လဲကျမှာစိုးလို့ ထိန်းကိုင်ပေးနေရင် ခြေစလှမ်းပြီး လမ်းလျှောက်တတ်ဦးတော့ 
အနည်းဆုံးတော့ ဒီကလေးက ကိုယ့်ကိုယ်ကို အားကိုးချင်စိတ် ရပ်တည်ချင်စိတ် နည်းသွားတတ်တယ်
ကျနော်တို့ဟာ ကိုယ်ချစ်တဲ့သူတွေ လဲပြိုကျသွားမှာ ကိုယ်သိလို့ ဖမ်းဆုပ်ထားမိလိုက်ကြတတ်တယ် လွှတ်မပေးတတ်ကြဘူး
အဲဒီ့အခါ ဖမ်းဆုပ်ထားတဲ့လက်တွေဟာ တခါတလေကျ ကိုယ်ချစ်တဲ့သူတွေကို ပြန်သတ်နေတဲ့အရာတွေ ဖြစ်ချင်ဖြစ်နေတတ်တာ …

Comments

Popular posts from this blog

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ