ကိုယ့်ကို လူတွေက နာမည်အမျိုးမျိုး အဓိပ္ပာယ်အမျိုးမျိုး လာတပ်ကြလိမ့်မယ်

အဲ့ဒီ အဓိပ္ပာယ်တွေကို လက်ခံ မခံက ကိုယ့်အပေါ်မှာပဲ မူတည်တယ်

ကိုယ်ပေးထားတဲ့ခေါင်းစဉ်အောက်မှာပဲ ကိုယ့်ဘဝကိုယ် ရှင်သန်အောင် မွေးမြူမယ်

ဘယ်သူက ဘယ်လိုမျိုး ဘယ်လိုပုံစံ နာမည် လာတပ်တာကိုမှ လက်ခံစရာမလိုဘူး

ချီးကျူးတာကို မြောက်တက်စရာမလိုသလို
ကဲ့ရဲ့တာကိုလည်း ဝမ်းနည်းနေစရာမလိုဘူး

ကိုယ်ဟာ ကိုယ့်ဘဝမှာ အရှင်သခင်ပဲ

ကိုယ်ကြိုက်ရာလမ်း ကိုယ်ရွေးပိုင်ခွင့်ရှိတယ်

ကိုယ် စိတ်ချမ်းသာအောင် ကိုယ်ပဲ လုပ်နိုင်သလို
ကိုယ် စိတ်ဆင်းရဲအောင်လည်း ကိုယ်ပဲလုပ်နိုင်တယ် …

- (ရေးချချင်နေတဲ့ အတွေးတစ်စကို Friend တစ်ယောက်ရဲ့ ပို့စ်မှ ပြန်ရှာတွေ့)

Comments

Popular posts from this blog

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ