Posts

Showing posts from April, 2022

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

မျက်စိရှေ့က တိမ်တွေကို ရသလောက် ဖယ်ထုတ်ပြီးတဲ့နောက် ရယူလိုစိတ် များလာတဲ့အခါ ကုန်ပစ္စည်းတံဆိပ်ကို မကြည့်တော့ပဲ သုံးစွဲရန်အညွှန်းတွေပဲ လိုက်ဖတ်တော့တယ် မိုင်နှုန်းပြဒိုင်ခွက်တွေကြားမှာ လွဲချော်မှု တစုံတရာတော့ ရှိမှာပဲ  အချစ်ရှိရာ လာပြီလို့ပြောပြီး ဘယ်မှ မရောက်တော့သူတွေ သိပ်သည်းမှုထဲမှာ သူတို့ကို ကိုယ်တို့ ထည့်မြှုပ်ထားတယ် မခြောက်သေးတဲ့ ဆေးသားကို လက်နဲ့အမြဲ သွားသွားထိမိ အချိန်မတော် အချိန်မီ စောင့်နေရခြင်းမျိုးတွေ ဒိုမီနိုသီအိုရီအရ တည်ဆောက်ထားတဲ့ အိပ်မက်စက်တွေ ပြီးရင် အရာရာဟာ အောင့်သက်သက် တခုနဲ့တခု  ချိတ်ဆက်ခုန်ကူးနေသော hyperlink ဘဝများပေါ့ မင်းပြောမှ ကိုယ် သတိထားမိတယ် ပြောတိုင်းယုံပြီး အမြဲသတိရနေတတ်တဲ့ ကိုယ့်ကိုယ်ကို တခုခုဆို တုံ့ပြန်ဖို့ အမြဲ တိုင်ပင်နေရတဲ့အခါ ဘယ်အရာမှ စိတ်မပါတော့တာတွေရယ် နောက်ပြီး တစထက်တစ ရစ်ထွေးလာခြင်းကို ကိုယ့်လက်နဲ့ မဖြီးသင်နိုင်တော့တာမို့ တယောက်ဘဝကို တယောက် စုချည်ထားလိုက်ရတော့တယ် ရည်ရွယ်ချက်ရှိရှိ သတ်လိုက်မိခြင်းအတွက် ဝမ်းမနည်းမိပဲ ငိုမလိုဖြစ်ရခြင်းမျိုးတွေ ငိုစေချင်လို့ ငိုပေးလိုက်ရတာမျိုးထက် တခု သို့မဟုတ် တခုထက်ပိုနေတဲ့အခါ  ဖြစ်ပြီးမှ ကာကွယ်နေရတဲ့ ကမ္ဘာကြီးကို ဘာမှမ