Posts

Showing posts from January, 2020

ဖောင့်

လူတိုင်း နားလည်ကြတဲ့ဖောင့်/နားမလည်ကြတဲ့ဖောင့်/နားလည်ချင်ယောင်ဆောင်လိုက်တဲ့ဖောင့် ဘယ်သူက ဘယ်သူ့ကို ဘယ်လို နာမည်ပေးထားမှန်းမသိတဲ့ဖောင့်(အများသုံးဖောင့်) ကိုယ့်ဘာသာကိုယ် နာမည်ပြန်ပေးထားတဲ့တစ်ကိုယ်ရည်သုံးဖောင့်များ ရေဒီယိုက တဂျစ်ဂျစ်မြည်နေတဲ့ ဖောင့် လမ်းဘေးခွေးကပြောတဲ့ ဖောင့် တရားသူကြီးကပြောတဲ့ ဖောင့် ငါတို့စိတ်ထဲက အချင်းချင်း ရွတ်ဆိုနားလည်ကြတဲ့ ငါတို့အသွေးအသားထဲက လှည့်ပတ်စီးဆင်းနေတဲ့ ပုံမှန်ဖောင့် ကြားလူဝင်ပြီး encrypt လုပ်မရအောင် decrypt လုပ်ထားတဲ့ ထူးဆန်းဖောင့် တခြားသူရင်ထဲ မြားတစင်းလို နစ်ဝင်စိုက်သွင်းရသော နာကျင်ဖောင့် တစ်ယောက်ဆီကနေ ကြားလိုက်ရုံနဲ့ အခြားတစ်ယောက်ဆီမှာ ကူးယူနိုင်သော ပျော်ရွှင်ဖောင့် ပြန်မရနိုင်တော့တဲ့ဖောင့်/ထပ်မံပြုလုပ်နိုင်သော(ဖန်တီးနိုင်သော)ဖောင့် တဆင့်ခံ ထပ်မံ၍ ထပ်ကာထပ်ကာကြားနေရသော ဖောင့်ဒီဇိုင်းအသစ်များ -  (ဥပမာ - ကြေကွဲဖောင့်/နှမျောဖောင့်/နားလည်ဖောင့်/မကျေနပ်ဖောင့်/လွမ်းဆွတ်ဖောင့်/တည်မြဲဖောင့်/ဝမ်းသာဖောင့်/လစ်ဟာဖောင့်/တစ်ကိုယ်တည်းဖောင့်/လွင့်မျောဖောင့်/နာမကျန်းဖောင့်/သဝန်တိုဖောင့်/မေတ္တာဖောင့်/မုန်းတီးဖောင့်/ယဥ်ကျေးဖောင့်/ရိုင်းစိုင်းဖောင့်/လျင်မြန်ဖောင့်/နှေးကွေးဖေ

အရွေ့

မိုးမလင်းသေးဘူး တွေ့လိုက် ကြားလိုက်ရတာ အချစ်အကြောင်းတွေ နဲ့အတူ ပြေးလွှားနေတဲ့လေက အလံကို ဖြတ်တိုက်သွား ငါတို့ပြောသမျှတွေဟာ သူတို့ပြောနေကြတဲ့  ငါတို့ရဲ့အကြောင်းတွေ မနေ့က တွေ့လိုက်ရတဲ့  ငါ့သူငယ်ချင်းရဲ့  နာရေးသတင်းကို အခုဖတ်လိုက်ရ လွန်ခဲ့သော တစ်နှစ်က အဆက်ဖြတ်ခဲ့တဲ့ ငါ့ရည်းစားလည်း  ငါ့ဘေးမှာ ရှိနေ/မနေတာဟာ မသေချာ ဟွန်းသံကို အဆက်မပြတ်တီးနေရင်း ညောင်ညိုပင်ရိပ်အောက်က  ကြောင်ရဲ့ မျက်လုံးဟာ အနီရောင်အဖြစ်ပြောင်းသွား စိုးရိမ်မှုတွေအပြည့်နဲ့ မင်းကိုငါ ချစ်ခဲ့ရတာ ဖြတ်ခနဲ ပြေးသွားတဲ့ လေရဲ့နောက်  ငါ လိုက်လို့မမှီခဲ့သလိုမျိုးပေမယ့် စိတ်နဲ့  လှမ်းလို့မှီအောင်တော့ ကြိုးစားခဲ့ပါတယ် ငါ့ဘဝမှာ  ရခဲ့သမျှဟာ ဒါအကုန်ပါပဲ ငါ့စိတ်ကူးတွေဟာ  ဒီကိစ္စကို မတွေးမိခင် ဟိုအရင်တစ်ချိန်က  အရေးပေါ်ကိစ္စတွေဟာလည်း ဝိုးတဝါးနဲ့ ဆက်တိုက်ပေါ်လာနေတုန်း - မင်းသော်စိုး

အသက် ၂၀ အရွယ်က ငါ

အဲ့ဒီလိုမျိုး ရုတ်တရက် တွေးမိတယ် ငါ အသက် ၂၀ ပြည့်ခါစက  ဆန့်ကျင်ဘက်လိင်တစ်ယောက်ကို ဒီလို အသက်အရွယ်မှာ စပြီး ကြိုက်ကြည့်သင့်တယ်လို့ ပြောကြတယ် လူတွေက ပြောကြတယ် သူတို့ပြောဖူးတာကို မှတ်မိလို့ ပြန်တွေးကြည့်တော့ ငါ့ထက် ငယ်တဲ့သူတွေတောင်  အဲ့ဒီလိုမျိုး အတွေးတွေကို ကြီးကောင်စဝင်ချိန်တည်းက တွေးဖူးကြတာပဲ ငါ့မှာသာ အခု အသက် ၂၀ ပြည့်မှ အဲ့ဒီလို တွေးမိတာ ဆက်တွေးကြည့်တယ် ငါ ဘယ်ကောင်မလေးကို စကြိုက်ကြည့်ရမလဲပေါ့ ခက်တာက ငါ့အနားက ကောင်မလေး တစ်ယောက်မှ ငါ  မကြိုက်ဘူး ကြိုက်လို့လည်း မရဘူး အားလုံးက သူငယ်ချင်းတွေ အဲ့ဒီတော့ ဘာဆက်လုပ်မလဲ တွေးရင်းနဲ့ ဘာမှ  ဆက်မဖြစ်လာတော့ဘူး ငါ လန့်သွားတာက အသက် ၃၀ ကျော်ရင် ရည်းစားရဖို့က တကယ် မလွယ်တော့ဘူးဆိုတာကိုပဲ အဲ့ဒါကတော့ သေချာတယ် မရနိုင်ဘူးဆိုတာ သေတဲ့အထိ ဘဝတစ်ခုလုံးကို ငါ တစ်ယောက်တည်းနဲ့လည်း မဖြတ်သန်းချင်ဘူး အဲ့ဒီလို ဖြတ်သန်းကြည့်ရင်ကော ဘာဆက်ဖြစ်လာမလဲဆိုတာလည်း မတွေးချင်ဘူး အချစ်မရှိပဲနဲ့လည်း ဘဝကြီးက  သာသာယာယာ ဖြတ်သန်းလို့ရ/မရ ဆိုတာကိုတော့ ထည့်တွေးမိတယ်  ဘာမဆိုင်ညာမဆိုင် ကြီးကြီးကျယ်ကျယ်သာ  လျှောက်တွေးနေတာ ခက်တာက ငါ့မှာ  ရည်းစားမှ မရှိတာ ဒီ့ထက်ပိုခက်တာက ငါကလည်း ချစ်တဲ့သူ ငါ့ကိုလ

ဟိုအရင်နေ့တွေဆီက ဖြစ်ရပ်မှန်တွေ

အရင်နေ့တွေဆီက ဖြစ်ရပ်မှန်တွေဟာ ဟိုအရင်တစ်ချိန်က လေနဲ့အတူ  မျောသွားရင်း ။ လေရဲ့အသံကို စမ်းသပ်ဖမ်းယူနေရင်း ။ တရားနာကြတယ် ။ ငြီးငွေ့မှုကို သံယောဇဉ်လို့ ထင်ပြီး အကြိမ်ကြိမ်အခါခါ သေဆုံးမှုမှစကာ အခြားဘဝတစ်ပါးကို လွန်မြောက်ပါတယ် ။ ပြန်စဉ်းစားမိတဲ့အချိန်အခါတွေမှာ အခါခါပြန်တွေးတိုင်း ဘာလို့  သွေဖီနေခဲ့တဲ့ ဒီလမ်းကြောင်းကို ဝင်ရောက်ခဲ့လဲ စဉ်းစားနေခဲ့မိရာကနေ ဆက်မလျှောက်ဖြစ်တော့ပဲ ရပ်တန့်နေခဲ့ ။ အဆက်မပြတ် ။ ရွေ့လျားမှုဟာ တွန်းကန်ရင်းနဲ့ပဲ အဓိပ္ပာယ်ပြီးမြောက်စေတယ်လို့  ရာစုနှစ်တစ်ခုစီတိုင်းက စာမျက်နှာတွေက ပြောကြတယ် ။ ပြန်စဉ်းစားမိတော့လည်း ။ ဟုတ်သားပဲ ။ အဓိပ္ပာယ်မရှိဘူးလို့ ။ ပြောပြောနေကျတဲ့ အဓိပ္ပာယ်ရှိတဲ့အရာတွေကို တွေးနေရင်းနဲ့ ။ တွေးနေရတာကိုက အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အရာတွေ အဓိပ္ပာယ်မရှိတာတွေကို ဆက်လုပ်နေမိဖို့ ဖြစ်သွား ။ ဆယ်ခါပြန်သေခဲ့ရလည်း မသေခဲ့ဘူးလို့ ။ ငြင်းမယ် ။ မသေရဲသေးဘူးလို့ ။ အရွဲ့တိုက်ပြီး ကိုယ့်ကိုယ့်ကို လောင်စာအဖြစ် လောင်ကျွမ်းလိုက်တယ် ။ အဲ့ဒီနောက် ဘာဆက်ဖြစ်သွားလဲ ။ ကြွင်းကျန်ရစ်တဲ့ ပြာတွေက အဓိပ္ပာယ်ရှိရှိ ။ ရယ်မောပြီး အတိတ်ဇာတ်ကြောင်းတွေကို ပြန်ပြောပြတယ် ။ အရင်နေ့တွေဆီမှာ ဖြစ်ရပ်မှန

Idenity

အမှောင်မှာ ကိုယ့်အတွက် တစ်နေရာတော့ ရှိလိမ့်မယ်။ လှေကားထောင့်ချိူးက အရိပ်တွေလည်း လှနေစမြဲပဲ။အိမ်ရှေ့က လိုလို ၊ အိမ်နောက်ကလိုလို။ ဖျက်ခနဲ အသံတစ်ခုအပြီး ဘေးမှာဘယ်သူမှ မရှိတော့ဘူး။ အဆုံးမှာ ရှိနေမယ့်အရာကို စဉ်းစားရင်း ဖုန်းscreen ထဲက ထွက်လာတဲ့ မိုးပျံပူဖောင်းတွေကို ငေးနေမိတယ်။ဘဝတစ်လျှောက် အသည်းပုံနဲ့ ငိုနေတဲ့မျက်နှာဟာ တွဲလျက်နဲ့။မျက်ဝန်းနှစ်ခုကြားဆက်သွယ်ချက်ကြားမှာ အတားအဆီးတွေနဲ့။ ခုနက ကြွက်တွေရဲ့ အသံကို ပြန်ကြားလာရပြန်တယ်။ ဘာကြောင့်မှန်းမသိ ဆူဆိုက်လုပ်သွားတဲ့ ကောင်မလေးရဲ့လှုပ်နေတဲ့ နှုတ်ခမ်းကို ဖော်ပြဖို့ စာတန်းတွေတက်လာကြတယ်။ပြာခွက်ထဲက ဆေးလိပ်တိုရဲ့နေရာမှာ ကြွက်တွေဖြတ်ပြေးနေပုံဟာ အနှေးပြကွက်လို ကြည့်နေရတာလည်းအရသာ ။ပျင်းရိငြီးငွေ့စရာ မျက်နှာတွေဟာ ပုံရ်ိပ်ယောင်တွေလို ရင်းနှီးပြီးသား။ အသည်းပုံနဲ့ ငိုနေတဲ့မျက်နှာဟာ ကမ္ဘာအနှံ့မှာ တွဲလျက် ။ သားသတ်ပွဲများစွာနဲ့အတူ စိတ်ရင်းနဲ့ ပို့လိုက်တဲ့မေတ္တာမှာ ဘာဒရာမာမှမပါ ။ ပျော်စရာဘဝဆိုတာ ပင်ပန်းနွမ်းနယ်တွေမှုတွေ ကိုယ်တိုင်ရွေးချယ်ရင်း ကိုယ်ပိုင်ရင် ပျော်စရာဘဝဟာ ဖြစ်လာတာပဲ ။ ဂစ်တာကြိုးထဲက ကြွက်တွေရဲ့ အော်နေတဲ့အသံကို ကျွန်တော်စဉ်းစားရင်း ကြွက်တွေ ဘယ်ကလာမှန်
မင်းက ငါနဲ့ အဆင်မပြေတဲ့အခါ မင်းက  မင်းကို မင်းအပြစ်တင်တယ် ငါကလည်း ငါ့ကိုငါ အပြစ်တင် တိမ်မလိုနဲ့ နက်ခဲ့တဲ့ ချောက်ကမ်းပါးယံတွေဟာ  လွယ်မလိုနဲ့ ဖြတ်ဖို့ ခက်ခဲ့တဲ့ သံယောဇဉ်တွေလိုပဲ ပြန်တွေးတိုင်း ခေါင်းရှုပ်လာတယ် အရာရာဟာ  မနေ့ကလိုပဲ သုံးနေကျ စကားကို ပြန်ထပ်သုံး ရောက်ဖူးတဲ့ နေရာတွေလည်း ပြန်ထပ်သွား မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီးမှ အကြိမ်ကြိမ်  ကြိုးစားနေမိတာတွေနဲ့အတူ မတ်တပ်ရပ်ဖို့  ကြိုးစားပြီးမှ အကြိမ်ကြိမ် ပြိုလဲသွားရတာတွေ ဘဝဟာ ကဗျာ မဟုတ်ရင်တောင်မှ ဒီကဗျာဟာ ငါ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်  - မင်းသော်စိုး Feb 6 , 2019

မြင်မြင်သမျှဟာ အချစ်ကိစ္စ ဖြစ်တယ်

ကိုယ့်ရှေ့မှာ တွေ့သမျှ အရာတိုင်းကို တစ်ခုခုကို လိုချင်နေတဲ့ စိတ်နဲ့ပဲ ရေခဲသေတ္တာထဲက ဝေလငါးကို  တောက်လျှောက် စောင့်ကြည့်နေတယ်   ပြန်လည်စိုက်ပျိုးထားသော စိမ်းလန်းစ မြက်ခင်းပြင်တွေ ဆိုတာ ဒီဝေလငါးရဲ့  character ပဲ အမြဲ  အစီအစဉ်တကျ စီစဉ်ထားတာ မဟုတ်ပေမယ့်  တစ်ချိန်ချိန်မှာ ဝေလငါးရဲ့ Character ကို  မြင်လိုက်တိုင်း ပြေးပြေးပြီး သတိရတတ်နေတာမျိုးဟာ ငါ့အတွက် စောက်ရေးမပါခဲ့  အဘယ်သို့သော အကြောင်းမျိုးက ဆက်တိုက်  လှုပ်ရှားနေဖို့အတွက် အကြောင်းပါ ခဲ့သလဲ အေးမြကြည်လင်နေတဲ့ ကျောက်စက်ရေထဲမှာ အဖြေဟာ  တည်ရှိနေသဖြင့် အဖြေကို သေချာရှာမတွေ့နိုင်ပါ  တချို့အရာများ ရွေ့လျားနေပုံဟာ ရပ်တန့်ပြီး အဲ့ဒီနောက်  ဆက်လက် လည်ပတ်ရင်း အသံထွက် ရွတ်ဖတ် ရသော နားဖြင့် မကြားနိုင်သော ချစ်ခြင်း တရားနဲ့ အတူတကွ အသံဟာ ဝေလငါးရဲ့ ဝမ်းဗိုက်ထဲမှာ လှည့်ပတ် စီးဆင်းနေခဲ့ရင်း မဖြစ်ခဲ့ရသမျှကို အနတ္တဟင်းလင်းပြင်ကြီးထဲမှာ  သူ ပြန်လည် ကြိုးစားရင်း ချစ်ခြင်းတရားကို အတုအယောင်အဖြစ် ရှာဖွေတွေ့ရှိပြီးခဲ့တဲ့အခါ ဘယ်အရာမှ ငါ  စောက်ဖက် မလုပ်ဖြစ်တော့ မြင်မြင်သမျှဟာ အချစ်ရဲ့ ကိစ္စ ဖြစ်တယ် - မင်းသော်စိုး Feb 3 , 2019