Posts

Showing posts from November, 2021

ငါ့ရဲ့အတိတ်နဲ့ အနာဂတ်က ကြေးစားလူသတ်သမားအတွက် အမေရိကန်ဆွန်းနက် (အကျဥ်းထောင်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အမေရိကန်ဆွန်းနက်ထဲမှာ မင်းကိုငါ ပိတ်ထားမယ်)

Image
အကျဥ်းထောင်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အမေရိကန်ဆွန်းနက်ထဲမှာ မင်းကိုငါ ပိတ်ထားမယ် အိမ်ရဲ့ အခန်းလေးထဲ မီးတောက်တွေရှိနေတဲ့ ကြောက်စရာကောင်းတဲ့ အဝတ်ဗီရိုထဲမှာ မင်းကိုငါ ပိတ်ထားမယ် အရိုးထဲကနေ တေးဆိုနေတဲ့ငှက်နဲ့ မင်းကိုခွဲထားဖို့ သီချင်းသံကြားရမယ့် သေတ္တာလေးနဲ့  အသားကြိတ်စက်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပုံစံတစ်ခုထဲမှာ မင်းကိုငါ ပိတ်ထားမယ် ငါက မင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အိပ်ရင်း အိပ်မက်ပိုမက်ဖို့ လှုံ့ဆော်တဲ့သူကို ထိန်းခိုင်းထားချိန်မှာ  ပိုတော်တဲ့ မင်းက ကိုယ့်ကိုယ်ကို ခုံတန်းလေးကနေ ပြန်ကြည့်နေမယ် ငါ မင်းကို အဲ့ဒီမှာ ဂျင်မ်ဆော့ခိုင်းရင်းနဲ့ ကျီးကန်းအဖြစ် ဖန်တီးမယ် ကျီးကန်းတကောင်လို မင်းက  ဂျင်မ်ရဲ့အရိပ်ထဲမှာ လှပတဲ့ ခံစားချက်ဖွင့်ထုတ်ရင်း တညလုံး ထောင်ချောက်မိတာကို ကြုံရမယ် ဂျင်မ်အတွက်တော့  သောက်ကျီးကန်းရဲ့ခံစားချက်က မင်းရဲ့ ကြမ်းပြင်တွေပေါ်ကို ကျလာတာက  စိတ်အာရုံတွေစုစည်းထားတဲ့ မင်းရဲ့နံရံပေါ်က ပိုစတာတွေကနေ ကြယ်တွေကြွေကျလာသလိုမျိုးနဲ့တော့ မတူဘူး ငါ မင်းကို ငှက်တကောင်ရဲ့နှလုံးသားထဲက မှောင်မိုက်ခြင်းတွေပြည့်နေတဲ့ သေတ္တာတလုံးအဖြစ် ဖန်တီးမယ် နောက်ပြီး အကွန်းစတစ်တေးသံတွေ နဂိုသိမှုတွေနဲ့ ဥပမာပေးတ