အိမ်ပြေးတယောက်အတွက် ဆွန်းနက်

အဓိပ္ပာယ်ကောက်မှားခဲ့သူလို့ အကြောင်းပြပြီး လုပ်ခဲ့တာတွေအတွက် နောင်တမရကြေးလေ
အိမ်ပြေးတယောက်အတွက် ဘုရားသခင်ရဲ့ မှားယွင်းစွာကောင်းချီးပေးမှုက သေချာပေါက်စောင့်ကြိုနေမယ်
မင်းမလိုအပ်တော့တဲ့ မျှော်လင့်ခြင်းမျှစ်စို့တွေက မင်းနောက်ကျောကနေ ထိုးထွက်လာတော့မယ်
ရေဝဲလိုဆုံးရှုံးမှုတွေက ငါအပါအဝင် မင်းဘဝမှာ နေ့တိုင်းပေါင်းထည့်နေစရာမလိုလောက်အောင် ကြုံရမယ်
ဒီ့အတွက် အကြောင်းမဲ့ပြောဆိုသူတွေဟာ ရန်လိုသူဖြစ်တယ်ဆိုတာ ပြောဖို့မလိုဘူးထင်တဲ့အတွက် ငါချန်ထားခဲ့တယ်
မင်းက သီလရှင်တပါးရဲ့ စာချသံလိုမြည်တမ်းမှုမျိုးနဲ့ မသေအောင်နေမယ်လို့တော့ ငါ့ကိုပြောပါတယ်
ပြောင်းပြန်တင်းကျပ်မှုတွေကြားထဲ မင်းအဆင်မပြေလည်း ပျော်အောင်နေဖို့ ငါမှာချင်တယ်
ဝက်ဝံရဲ့မျက်လုံးနဲ့တူတဲ့အနမ်းတွေက မင်းတကိုယ်လုံးပွတ်သတ်နမ်းရှိုက်ကြတဲ့အခါ ငါ့မှာ ယားယံမှုကို 
မျိုသိပ်ထားရင်း မင်းကို အောင့်သက်သက်နဲ့ ကြည့်နေရတာတော့ မင်း ရိပ်မိမယ်မထင်ဘူး
အစဥ်အလာဆိုတာ ကိုယ့်လို အိမ်ပြေးတယောက်ကို နားလည်တဲ့သူမျိုးနဲ့တွေ့ဖို့ နှစ်နဲ့ချီပြီးစောင့်ရတာဖြစ်ပြီး
ဇွတ်တရွတ်နိုင်တာက အိမ်ပြေးတယောက်အဖို့ အကောင်းဆုံးအဖော်ပဲဆိုတာ မင်းသိမှာပါ
အချိန်ကာလမှာ ပျော်ဝင်ခဲ့သော ငါတို့ရဲ့ ဇာတ်ကြောင်းများက တကြိမ်တခါပဲနေရမယ် တကြိမ်တခါပဲ 
သေရမယ်ဆိုလာတဲ့အခါ ငါတို့ရဲ့မျက်လုံးနဲ့ နားတွေကို အစွမ်းကုန်ဖွင့်ထားလိုက်ပါ

- မင်းသော်စိုး

Comments

Popular posts from this blog

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

တိမ်တိုက်များတွေ့ဆုံခြင်း