ASMR

(ဆူးနွယ်သို့ ကဗျာလက်ဆောင်)

မင်းအနီးနားမှာ ငါရှိကြောင်း သက်သေပြပါလို့ မင်းကပြောမယ်
ငါ့နားမှာ အလကားအားနေ စိုးရိမ်နေတတ်တဲ့ လိပ်ပြာတွေရှိတယ်
ငါ့ရဲ့လည်မျိုမှာတော့ ဂန္ဓမာပန်းတွေ အပြိုင်းအရိုင်းပေါက်နေမယ်
သံယောဇဥ်မဖြတ်နိုင်သူများ အချိန်မီ အရေးပေါ်ဖုန်းကိုခေါ်ပါ
ရူးချင်ယောင်ဆောင်နေတဲ့ ဂြိုဟ်တလုံးလုံးရဲ့ တနေရာရာမှာတော့ မင်းနဲ့တွေ့ဖို့ ငါ သေချာပေါက် စောင့်နေမယ်
ငါနဲ့လာတွေ့တဲ့အခါ အိပ်မက်ထဲမှာ မင်းကိုငါပေးခဲ့တဲ့ အပြာရောင်ဝက်ဝံရုပ်ကို ယူလာပါ
ဝက်ဝံရုပ်ကို ရေခဲသေတ္တာထဲမှာ မင်း ဘယ်တော့မှ ရှာတွေ့မှာမဟုတ်
ဝက်ဝံရုပ်က နေဆယ်စင်းနဲ့ အနီးဆုံးမှာရှိမယ်လို့ သူတော်စင်တပါးက မင်းကိုလမ်းညွှန်မယ်
မင်းက ငါ့ကိုမြင်ရင် ဘုရှိုးရှိုးမယ် နောက် လူအလစ်မှာတော့ 
ငါ့ဓာတ်ပုံကို ရွှတ်ခနဲမြည်အောင်နမ်းပြီး ရယ်နေလိမ့်မယ်
တိတ်တခိုးလေး ဂျီးထူနေတဲ့မင်းကို ငါ ဖြီးဖြန်းပြီးပြောမယ်
ချိန်းဆိုမှုတွေမှာ တိကျမှုတွေမပါ လွဲချော်မှုတွေဟာ ကြံရာမရလို့ ဖြစ်သလိုလုပ်ပေးလိုက်ရတာတွေချည်း လုပ်ကြံဖန်တီး
ထားတဲ့ စမ်းသပ်မှုတိုင်းမှာ အရေးပါအရာရောက်တဲ့ သက်ရောက်မှုတွေရှိတယ်
မနေ့ကပြီးသွားသော ကိစ္စများအား အမှန်ခြစ်ပါ အမြဲလောပြီး 
အမှားလုပ်တတ်တဲ့ ခရုတကောင် အခွံထဲခေါင်းပုန်းဝင်လိုက်သလို နောင်တမျိုးနဲ့ မျက်နှာကို အိပ်မက်ထဲကနေ မေ့ပစ်ပါ 
အကြောင်းတခုခုဆို မင်းငြိမ်သက်သွားတာကို မင်းမမြင်ခင်မှာပဲ ငါကြိုသိနှင့်ပြီးတာကို သတိရပါ

ASMR - Autonomous sensory meridian response (ASMR)

- မင်းသော်စိုး

Comments

Popular posts from this blog

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

တိမ်တိုက်များတွေ့ဆုံခြင်း