မင်းက ငါနဲ့ အဆင်မပြေတဲ့အခါ မင်းက
မင်းကို မင်းအပြစ်တင်တယ်
ငါကလည်း ငါ့ကိုငါ အပြစ်တင်
တိမ်မလိုနဲ့ နက်ခဲ့တဲ့ ချောက်ကမ်းပါးယံတွေဟာ
လွယ်မလိုနဲ့ ဖြတ်ဖို့ ခက်ခဲ့တဲ့ သံယောဇဉ်တွေလိုပဲ
ပြန်တွေးတိုင်း ခေါင်းရှုပ်လာတယ် အရာရာဟာ
မနေ့ကလိုပဲ သုံးနေကျ စကားကို ပြန်ထပ်သုံး
ရောက်ဖူးတဲ့ နေရာတွေလည်း ပြန်ထပ်သွား
မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီးမှ အကြိမ်ကြိမ်
ကြိုးစားနေမိတာတွေနဲ့အတူ မတ်တပ်ရပ်ဖို့
ကြိုးစားပြီးမှ အကြိမ်ကြိမ် ပြိုလဲသွားရတာတွေ
ဘဝဟာ ကဗျာ မဟုတ်ရင်တောင်မှ
ဒီကဗျာဟာ ငါ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်
- မင်းသော်စိုး
Feb 6 , 2019
Comments
Post a Comment