ဟိုအရင်နေ့တွေဆီက ဖြစ်ရပ်မှန်တွေ
အရင်နေ့တွေဆီက ဖြစ်ရပ်မှန်တွေဟာ ဟိုအရင်တစ်ချိန်က လေနဲ့အတူ
မျောသွားရင်း ။ လေရဲ့အသံကို စမ်းသပ်ဖမ်းယူနေရင်း ။ တရားနာကြတယ် ။ ငြီးငွေ့မှုကို သံယောဇဉ်လို့ ထင်ပြီး အကြိမ်ကြိမ်အခါခါ သေဆုံးမှုမှစကာ အခြားဘဝတစ်ပါးကို လွန်မြောက်ပါတယ် ။
ပြန်စဉ်းစားမိတဲ့အချိန်အခါတွေမှာ အခါခါပြန်တွေးတိုင်း ဘာလို့
သွေဖီနေခဲ့တဲ့ ဒီလမ်းကြောင်းကို ဝင်ရောက်ခဲ့လဲ စဉ်းစားနေခဲ့မိရာကနေ
ဆက်မလျှောက်ဖြစ်တော့ပဲ ရပ်တန့်နေခဲ့ ။ အဆက်မပြတ် ။
ရွေ့လျားမှုဟာ တွန်းကန်ရင်းနဲ့ပဲ အဓိပ္ပာယ်ပြီးမြောက်စေတယ်လို့
ရာစုနှစ်တစ်ခုစီတိုင်းက စာမျက်နှာတွေက ပြောကြတယ် ။
ပြန်စဉ်းစားမိတော့လည်း ။ ဟုတ်သားပဲ ။ အဓိပ္ပာယ်မရှိဘူးလို့ ။
ပြောပြောနေကျတဲ့ အဓိပ္ပာယ်ရှိတဲ့အရာတွေကို တွေးနေရင်းနဲ့ ။ တွေးနေရတာကိုက အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အရာတွေ အဓိပ္ပာယ်မရှိတာတွေကို ဆက်လုပ်နေမိဖို့ ဖြစ်သွား ။
ဆယ်ခါပြန်သေခဲ့ရလည်း မသေခဲ့ဘူးလို့ ။ ငြင်းမယ် ။ မသေရဲသေးဘူးလို့ ။ အရွဲ့တိုက်ပြီး ကိုယ့်ကိုယ့်ကို လောင်စာအဖြစ် လောင်ကျွမ်းလိုက်တယ် ။ အဲ့ဒီနောက် ဘာဆက်ဖြစ်သွားလဲ ။ ကြွင်းကျန်ရစ်တဲ့ ပြာတွေက အဓိပ္ပာယ်ရှိရှိ ။ ရယ်မောပြီး အတိတ်ဇာတ်ကြောင်းတွေကို ပြန်ပြောပြတယ် ။
အရင်နေ့တွေဆီမှာ ဖြစ်ရပ်မှန်တွေရှိတယ် ။ ဖြစ်ရပ်မှန်တွေ ။ အရင်နေ့တွေဆီက ။ ဖြစ်ရပ်မှန်တွေ ။ ဖြစ်ရပ်မှန်တွေ ။ အရင်နေ့တွေဆီက ။ ပြဇာတ်တစ်ပုဒ် ။ အရင်နေ့တွေဆီမှာ ။ ရှိတယ် ။ ဖြစ်ရပ်မှန်တွေ ။ ပြောပြတယ် ။ အရင်နေ့တွေဆီက ။ အရင်နေ့တွေဆီက ။ အရင်နေ့တွေဆီက ။ ဟိုအရင်နေ့တွေဆီက ။ ရိုးသားစွာ ။ ဖြစ်ရပ်မှန်တွေ ။ ဖြစ်ရပ်မှန်တွေ ။ ပြောပြနေတယ် ။ ကျေကျေနပ်နပ် ။ ပြောပြနေတယ် ။ ပြောပြခွင့်ရှိတယ် ။ ထပ်ပြောမယ် ။ ဖြစ်ရပ်မှန်တွေကို အမှန်အတိုင်း ပြောပြဖို့ ။ အနာဂတ်မှာ အတိတ်က ဖြစ်ရပ်မှန်တွေကို ပြောပြကြရင် ရိုးသားဖို့လိုတာ ဆယ်စုနှစ်တစ်ခုမက ။
- မင်းသော်စိုး
Comments
Post a Comment