Idenity
အမှောင်မှာ ကိုယ့်အတွက် တစ်နေရာတော့ ရှိလိမ့်မယ်။ လှေကားထောင့်ချိူးက အရိပ်တွေလည်း လှနေစမြဲပဲ။အိမ်ရှေ့က လိုလို ၊ အိမ်နောက်ကလိုလို။ ဖျက်ခနဲ အသံတစ်ခုအပြီး ဘေးမှာဘယ်သူမှ မရှိတော့ဘူး။ အဆုံးမှာ ရှိနေမယ့်အရာကို စဉ်းစားရင်း ဖုန်းscreen ထဲက ထွက်လာတဲ့ မိုးပျံပူဖောင်းတွေကို ငေးနေမိတယ်။ဘဝတစ်လျှောက် အသည်းပုံနဲ့ ငိုနေတဲ့မျက်နှာဟာ တွဲလျက်နဲ့။မျက်ဝန်းနှစ်ခုကြားဆက်သွယ်ချက်ကြားမှာ အတားအဆီးတွေနဲ့။ ခုနက ကြွက်တွေရဲ့ အသံကို ပြန်ကြားလာရပြန်တယ်။ ဘာကြောင့်မှန်းမသိ ဆူဆိုက်လုပ်သွားတဲ့ ကောင်မလေးရဲ့လှုပ်နေတဲ့ နှုတ်ခမ်းကို ဖော်ပြဖို့ စာတန်းတွေတက်လာကြတယ်။ပြာခွက်ထဲက ဆေးလိပ်တိုရဲ့နေရာမှာ ကြွက်တွေဖြတ်ပြေးနေပုံဟာ အနှေးပြကွက်လို ကြည့်နေရတာလည်းအရသာ ။ပျင်းရိငြီးငွေ့စရာ မျက်နှာတွေဟာ ပုံရ်ိပ်ယောင်တွေလို ရင်းနှီးပြီးသား။ အသည်းပုံနဲ့ ငိုနေတဲ့မျက်နှာဟာ ကမ္ဘာအနှံ့မှာ တွဲလျက် ။ သားသတ်ပွဲများစွာနဲ့အတူ စိတ်ရင်းနဲ့ ပို့လိုက်တဲ့မေတ္တာမှာ ဘာဒရာမာမှမပါ ။ ပျော်စရာဘဝဆိုတာ ပင်ပန်းနွမ်းနယ်တွေမှုတွေ ကိုယ်တိုင်ရွေးချယ်ရင်း ကိုယ်ပိုင်ရင် ပျော်စရာဘဝဟာ ဖြစ်လာတာပဲ ။ ဂစ်တာကြိုးထဲက ကြွက်တွေရဲ့ အော်နေတဲ့အသံကို ကျွန်တော်စဉ်းစားရင်း ကြွက်တွေ ဘယ်ကလာမှန်းမသိ ရောက်လာ ။ ဘာကိုမှ မတွေးတော့ဘဲ အတွေးတွေကို ရပ်တန့်ပစ်လိုက်တဲ့အချိန်မှာ ဘာကြောင့်မှန်းမသိ ဆူဆိုက်လုပ်သွားတဲ့ ကောင်မလေးက ထပ်ရောက်လာ ။ ကောင်မလေးဟာ စိတ်ညစ်စရာ လက်ဖက်ရည်ခွက်ထဲက ဘဝတွေနဲ့အတူတူပေါ့ ။နေရောင်ခြည်လိုလည်း မလင်းနိုင်တော့ ။ ဒီဖြစ်စဉ်ဟာ ဘဝတွေနဲ့ ယှဉ်ရင်တော့ သိပ်မထူးခြားခဲ့ ။
-ဆပ်ရိပ် X မင်းသော်စိုး
(၁.၂.၂၀၁၉)
Comments
Post a Comment