အရွေ့

မိုးမလင်းသေးဘူး တွေ့လိုက် ကြားလိုက်ရတာ အချစ်အကြောင်းတွေ
နဲ့အတူ ပြေးလွှားနေတဲ့လေက အလံကို ဖြတ်တိုက်သွား
ငါတို့ပြောသမျှတွေဟာ သူတို့ပြောနေကြတဲ့ 
ငါတို့ရဲ့အကြောင်းတွေ မနေ့က တွေ့လိုက်ရတဲ့ 
ငါ့သူငယ်ချင်းရဲ့  နာရေးသတင်းကို အခုဖတ်လိုက်ရ
လွန်ခဲ့သော တစ်နှစ်က အဆက်ဖြတ်ခဲ့တဲ့ ငါ့ရည်းစားလည်း 
ငါ့ဘေးမှာ ရှိနေ/မနေတာဟာ မသေချာ
ဟွန်းသံကို အဆက်မပြတ်တီးနေရင်း ညောင်ညိုပင်ရိပ်အောက်က 
ကြောင်ရဲ့ မျက်လုံးဟာ အနီရောင်အဖြစ်ပြောင်းသွား
စိုးရိမ်မှုတွေအပြည့်နဲ့ မင်းကိုငါ ချစ်ခဲ့ရတာ
ဖြတ်ခနဲ ပြေးသွားတဲ့ လေရဲ့နောက် 
ငါ လိုက်လို့မမှီခဲ့သလိုမျိုးပေမယ့် စိတ်နဲ့ 
လှမ်းလို့မှီအောင်တော့ ကြိုးစားခဲ့ပါတယ် ငါ့ဘဝမှာ 
ရခဲ့သမျှဟာ ဒါအကုန်ပါပဲ ငါ့စိတ်ကူးတွေဟာ 
ဒီကိစ္စကို မတွေးမိခင် ဟိုအရင်တစ်ချိန်က 
အရေးပေါ်ကိစ္စတွေဟာလည်း ဝိုးတဝါးနဲ့ ဆက်တိုက်ပေါ်လာနေတုန်း

- မင်းသော်စိုး

Comments

Popular posts from this blog

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

အိမ်ပြေးတယောက်အတွက် ဆွန်းနက်