အသက် ၂၀ အရွယ်က ငါ
အဲ့ဒီလိုမျိုး ရုတ်တရက် တွေးမိတယ်
ငါ အသက် ၂၀ ပြည့်ခါစက
ဆန့်ကျင်ဘက်လိင်တစ်ယောက်ကို
ဒီလို အသက်အရွယ်မှာ စပြီး ကြိုက်ကြည့်သင့်တယ်လို့
ပြောကြတယ်
လူတွေက ပြောကြတယ်
သူတို့ပြောဖူးတာကို မှတ်မိလို့ ပြန်တွေးကြည့်တော့
ငါ့ထက် ငယ်တဲ့သူတွေတောင်
အဲ့ဒီလိုမျိုး အတွေးတွေကို ကြီးကောင်စဝင်ချိန်တည်းက
တွေးဖူးကြတာပဲ
ငါ့မှာသာ အခု အသက် ၂၀ ပြည့်မှ အဲ့ဒီလို တွေးမိတာ
ဆက်တွေးကြည့်တယ်
ငါ ဘယ်ကောင်မလေးကို စကြိုက်ကြည့်ရမလဲပေါ့
ခက်တာက
ငါ့အနားက ကောင်မလေး တစ်ယောက်မှ ငါ
မကြိုက်ဘူး ကြိုက်လို့လည်း မရဘူး
အားလုံးက သူငယ်ချင်းတွေ
အဲ့ဒီတော့ ဘာဆက်လုပ်မလဲ တွေးရင်းနဲ့ ဘာမှ
ဆက်မဖြစ်လာတော့ဘူး
ငါ လန့်သွားတာက အသက် ၃၀ ကျော်ရင်
ရည်းစားရဖို့က တကယ်
မလွယ်တော့ဘူးဆိုတာကိုပဲ
အဲ့ဒါကတော့ သေချာတယ် မရနိုင်ဘူးဆိုတာ
သေတဲ့အထိ ဘဝတစ်ခုလုံးကို
ငါ တစ်ယောက်တည်းနဲ့လည်း မဖြတ်သန်းချင်ဘူး
အဲ့ဒီလို ဖြတ်သန်းကြည့်ရင်ကော ဘာဆက်ဖြစ်လာမလဲဆိုတာလည်း
မတွေးချင်ဘူး
အချစ်မရှိပဲနဲ့လည်း ဘဝကြီးက
သာသာယာယာ ဖြတ်သန်းလို့ရ/မရ ဆိုတာကိုတော့
ထည့်တွေးမိတယ်
ဘာမဆိုင်ညာမဆိုင် ကြီးကြီးကျယ်ကျယ်သာ
လျှောက်တွေးနေတာ
ခက်တာက ငါ့မှာ
ရည်းစားမှ မရှိတာ
ဒီ့ထက်ပိုခက်တာက ငါကလည်း ချစ်တဲ့သူ
ငါ့ကိုလည်း ချစ်တဲ့သူဆိုတာက ရှိမှမရှိသေးတာ ။
- မင်းသော်စိုး
Comments
Post a Comment