ဖောင့်
လူတိုင်း နားလည်ကြတဲ့ဖောင့်/နားမလည်ကြတဲ့ဖောင့်/နားလည်ချင်ယောင်ဆောင်လိုက်တဲ့ဖောင့် ဘယ်သူက ဘယ်သူ့ကို ဘယ်လို နာမည်ပေးထားမှန်းမသိတဲ့ဖောင့်(အများသုံးဖောင့်) ကိုယ့်ဘာသာကိုယ် နာမည်ပြန်ပေးထားတဲ့တစ်ကိုယ်ရည်သုံးဖောင့်များ ရေဒီယိုက တဂျစ်ဂျစ်မြည်နေတဲ့ ဖောင့် လမ်းဘေးခွေးကပြောတဲ့ ဖောင့် တရားသူကြီးကပြောတဲ့ ဖောင့် ငါတို့စိတ်ထဲက အချင်းချင်း ရွတ်ဆိုနားလည်ကြတဲ့ ငါတို့အသွေးအသားထဲက လှည့်ပတ်စီးဆင်းနေတဲ့ ပုံမှန်ဖောင့် ကြားလူဝင်ပြီး encrypt လုပ်မရအောင် decrypt လုပ်ထားတဲ့ ထူးဆန်းဖောင့် တခြားသူရင်ထဲ မြားတစင်းလို နစ်ဝင်စိုက်သွင်းရသော နာကျင်ဖောင့် တစ်ယောက်ဆီကနေ ကြားလိုက်ရုံနဲ့ အခြားတစ်ယောက်ဆီမှာ ကူးယူနိုင်သော ပျော်ရွှင်ဖောင့် ပြန်မရနိုင်တော့တဲ့ဖောင့်/ထပ်မံပြုလုပ်နိုင်သော(ဖန်တီးနိုင်သော)ဖောင့် တဆင့်ခံ ထပ်မံ၍ ထပ်ကာထပ်ကာကြားနေရသော ဖောင့်ဒီဇိုင်းအသစ်များ - (ဥပမာ - ကြေကွဲဖောင့်/နှမျောဖောင့်/နားလည်ဖောင့်/မကျေနပ်ဖောင့်/လွမ်းဆွတ်ဖောင့်/တည်မြဲဖောင့်/ဝမ်းသာဖောင့်/လစ်ဟာဖောင့်/တစ်ကိုယ်တည်းဖောင့်/လွင့်မျောဖောင့်/နာမကျန်းဖောင့်/သဝန်တိုဖောင့်/မေတ္တာဖောင့်/မုန်းတီးဖောင့်/ယဥ်ကျေးဖောင့်/ရိုင်းစိုင်းဖောင့်/လျင်မြန်ဖောင့်/နှေးကွေးဖေ