Posts

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

မျက်စိရှေ့က တိမ်တွေကို ရသလောက် ဖယ်ထုတ်ပြီးတဲ့နောက် ရယူလိုစိတ် များလာတဲ့အခါ ကုန်ပစ္စည်းတံဆိပ်ကို မကြည့်တော့ပဲ သုံးစွဲရန်အညွှန်းတွေပဲ လိုက်ဖတ်တော့တယ် မိုင်နှုန်းပြဒိုင်ခွက်တွေကြားမှာ လွဲချော်မှု တစုံတရာတော့ ရှိမှာပဲ  အချစ်ရှိရာ လာပြီလို့ပြောပြီး ဘယ်မှ မရောက်တော့သူတွေ သိပ်သည်းမှုထဲမှာ သူတို့ကို ကိုယ်တို့ ထည့်မြှုပ်ထားတယ် မခြောက်သေးတဲ့ ဆေးသားကို လက်နဲ့အမြဲ သွားသွားထိမိ အချိန်မတော် အချိန်မီ စောင့်နေရခြင်းမျိုးတွေ ဒိုမီနိုသီအိုရီအရ တည်ဆောက်ထားတဲ့ အိပ်မက်စက်တွေ ပြီးရင် အရာရာဟာ အောင့်သက်သက် တခုနဲ့တခု  ချိတ်ဆက်ခုန်ကူးနေသော hyperlink ဘဝများပေါ့ မင်းပြောမှ ကိုယ် သတိထားမိတယ် ပြောတိုင်းယုံပြီး အမြဲသတိရနေတတ်တဲ့ ကိုယ့်ကိုယ်ကို တခုခုဆို တုံ့ပြန်ဖို့ အမြဲ တိုင်ပင်နေရတဲ့အခါ ဘယ်အရာမှ စိတ်မပါတော့တာတွေရယ် နောက်ပြီး တစထက်တစ ရစ်ထွေးလာခြင်းကို ကိုယ့်လက်နဲ့ မဖြီးသင်နိုင်တော့တာမို့ တယောက်ဘဝကို တယောက် စုချည်ထားလိုက်ရတော့တယ် ရည်ရွယ်ချက်ရှိရှိ သတ်လိုက်မိခြင်းအတွက် ဝမ်းမနည်းမိပဲ ငိုမလိုဖြစ်ရခြင်းမျိုးတွေ ငိုစေချင်လို့ ငိုပေးလိုက်ရတာမျိုးထက် တခု သို့မဟုတ် တခုထက်ပိုနေတဲ့အခါ  ဖြစ်ပြီးမှ ကာကွယ်နေရတဲ့ ကမ္ဘာကြီးကို ဘာမှမ
ငါ့သမိုင်းက ငါ့သမိုင်း မဟုတ်တော့ဘူးတဲ့ “ငါ့သမိုင်း ငါသွား ငါပဲရောက်ရောက်” ဆိုတာရော ကြားဖူးလား ငါ့သမိုင်းဆိုတာ ငါပြောမှ ငါ့သမိုင်းဖြစ်တာမဟုတ်ဘူးမလား ငါ့သမိုင်းကို ငါ မပြောရသေးခင်မှာပဲ ငါ့သမိုင်းအကြောင်းကို ငါမဟုတ်တဲ့ တခြားသူတွေက ငါ့ကွယ်ရာမှာ ပြောနေတာ ငါကြားလိုက်ရတယ် အဲ့ဒါကြောင့် ငါ့သမိုင်းကို ငါမပြောတော့ဘူး ဆောရီး ငါ့သမိုင်းကို ငါမပြောတော့ဘူးလို့ ထင်နေရင် မှားမယ် တကယ်က ငါ့သမိုင်းကို ငါ မပြောသေးတာ နောက်ပြီး အဲ့ထက်ပိုတာက မပြောချင်သေးတာ ပြောချင်သူတွေလည်း ပြောကြပါစေကွယ်တို့ သူတို့မောသွားမှပဲ ငါ့အကြောင်း ငါ ဆက်ပြောတော့မယ် ကဲ ဘယ်လိုလဲ မကောင်းဘူးလား ဟားဟား   ရည်ညွှန်း -  ဇေယျာလင်း - ငါ့သမိုင်းဟာ ငါ့သမိုင်း မဟုတ်ဘူး  

သေခါနီးကဗျာရေးကြသူများအကြောင်း* သင်သိပြီးပြီလား

သေခါနီးတဲ့အထိ ကဗျာရေးဖို့ ကြိုးစားခဲ့ကြတဲ့လူတွေအကြောင်း သင်တွေးမိသေးလား။ ကမ္ဘာပေါ်ကလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ငယ်ငယ်ကတည်းက ကဗျာရေးဖို့ ကြိုးစားကြရင်း နောက်ဆုံးသေသွားကြတယ်ဆိုတာရော သင်သိပြီးပြီလား။ ရေမှာအရုပ်ရေးသလိုမျိုး ရေးရေးပဲပေါ်လာမယ်လို့ သင်ထင်တဲ့ကိစ္စတွေရှိချင်ရှိမယ်။ အဲ့ဒါတွေကို ပြန်တွေးတိုင်း ငယ်ဘဝက ယိုပေါက်တခုကနေ စီးဆင်းလာတဲ့ ဆီတွေလိုပဲ။ အဲ့ဒီဆီတွေကို သင်ဘယ်တော့မှ ပိတ်နိုင်မှာ မဟုတ်ဘူး။ သင်ကိုယ်တိုင်ပြောတဲ့ အဆုံးသတ်တွေကို တခါတည်းနားမလည်လို့ သင် ပြန်တွေးနေရမယ်။ ဥပမာ - လှပသောခြေသလုံးများအကြောင်း သင်ယူနေရချိန်မှာ သင်က ဆိပ်ကမ်းမြို့ရဲ့ တဖက်ကမ်းကို ရောက်နေပြီဆိုတာမျိုး။ စွဲလမ်းမှုနဲ့ အထီးကျန်ခြင်းတွေက သင့်ရဲ့အဖော်ဖြစ်တယ်။ သင့်မှတ်ဥာဏ်အပိုင်းအစတွေနဲ့ သိမှုတွေကို ဆင်ခြင်နေတုန်းမှာ သင် မမေ့လို့ ဝမ်းမြောက်ရမယ်။ နောက်ဆုံးတော့လည်း တဖြေးဖြေးနဲ့ သေသွားမယ့်အတူတူ ဝေဒနာတွေ ထပ်မဖြစ်လာအောင် မှတ်ဥာဏ်တွေကို သင်မေ့ပစ်ရတယ်။ မုတ်ဆိတ်တွေရှည်လာတဲ့အခါ စိတ်ပါရှည်လာနိုင်လို့ သင့်မှာ တွေးတွေးပြီး ပျော်ရတယ်။ မိုးကုပ်စက်ဝိုင်းက ဘယ်မှာလဲလို့လာမေးတိုင်း သင်သိသိရက်နဲ့ မသိချင်ယောင်ဆောင်ရတယ်။ လနီနီကိုမြင်ရတဲ့အခါ

အိမ်ပြေးတယောက်အတွက် ဆွန်းနက်

အဓိပ္ပာယ်ကောက်မှားခဲ့သူလို့ အကြောင်းပြပြီး လုပ်ခဲ့တာတွေအတွက် နောင်တမရကြေးလေ အိမ်ပြေးတယောက်အတွက် ဘုရားသခင်ရဲ့ မှားယွင်းစွာကောင်းချီးပေးမှုက သေချာပေါက်စောင့်ကြိုနေမယ် မင်းမလိုအပ်တော့တဲ့ မျှော်လင့်ခြင်းမျှစ်စို့တွေက မင်းနောက်ကျောကနေ ထိုးထွက်လာတော့မယ် ရေဝဲလိုဆုံးရှုံးမှုတွေက ငါအပါအဝင် မင်းဘဝမှာ နေ့တိုင်းပေါင်းထည့်နေစရာမလိုလောက်အောင် ကြုံရမယ် ဒီ့အတွက် အကြောင်းမဲ့ပြောဆိုသူတွေဟာ ရန်လိုသူဖြစ်တယ်ဆိုတာ ပြောဖို့မလိုဘူးထင်တဲ့အတွက် ငါချန်ထားခဲ့တယ် မင်းက သီလရှင်တပါးရဲ့ စာချသံလိုမြည်တမ်းမှုမျိုးနဲ့ မသေအောင်နေမယ်လို့တော့ ငါ့ကိုပြောပါတယ် ပြောင်းပြန်တင်းကျပ်မှုတွေကြားထဲ မင်းအဆင်မပြေလည်း ပျော်အောင်နေဖို့ ငါမှာချင်တယ် ဝက်ဝံရဲ့မျက်လုံးနဲ့တူတဲ့အနမ်းတွေက မင်းတကိုယ်လုံးပွတ်သတ်နမ်းရှိုက်ကြတဲ့အခါ ငါ့မှာ ယားယံမှုကို  မျိုသိပ်ထားရင်း မင်းကို အောင့်သက်သက်နဲ့ ကြည့်နေရတာတော့ မင်း ရိပ်မိမယ်မထင်ဘူး အစဥ်အလာဆိုတာ ကိုယ့်လို အိမ်ပြေးတယောက်ကို နားလည်တဲ့သူမျိုးနဲ့တွေ့ဖို့ နှစ်နဲ့ချီပြီးစောင့်ရတာဖြစ်ပြီး ဇွတ်တရွတ်နိုင်တာက အိမ်ပြေးတယောက်အဖို့ အကောင်းဆုံးအဖော်ပဲဆိုတာ မင်းသိမှာပါ အချိန်ကာလမှာ ပျော်ဝင်ခဲ့သော ငါတို့ရဲ့ ဇာတ်ကြောင်

ASMR

(ဆူးနွယ်သို့ ကဗျာလက်ဆောင်) မင်းအနီးနားမှာ ငါရှိကြောင်း သက်သေပြပါလို့ မင်းကပြောမယ် ငါ့နားမှာ အလကားအားနေ စိုးရိမ်နေတတ်တဲ့ လိပ်ပြာတွေရှိတယ် ငါ့ရဲ့လည်မျိုမှာတော့ ဂန္ဓမာပန်းတွေ အပြိုင်းအရိုင်းပေါက်နေမယ် သံယောဇဥ်မဖြတ်နိုင်သူများ အချိန်မီ အရေးပေါ်ဖုန်းကိုခေါ်ပါ ရူးချင်ယောင်ဆောင်နေတဲ့ ဂြိုဟ်တလုံးလုံးရဲ့ တနေရာရာမှာတော့ မင်းနဲ့တွေ့ဖို့ ငါ သေချာပေါက် စောင့်နေမယ် ငါနဲ့လာတွေ့တဲ့အခါ အိပ်မက်ထဲမှာ မင်းကိုငါပေးခဲ့တဲ့ အပြာရောင်ဝက်ဝံရုပ်ကို ယူလာပါ ဝက်ဝံရုပ်ကို ရေခဲသေတ္တာထဲမှာ မင်း ဘယ်တော့မှ ရှာတွေ့မှာမဟုတ် ဝက်ဝံရုပ်က နေဆယ်စင်းနဲ့ အနီးဆုံးမှာရှိမယ်လို့ သူတော်စင်တပါးက မင်းကိုလမ်းညွှန်မယ် မင်းက ငါ့ကိုမြင်ရင် ဘုရှိုးရှိုးမယ် နောက် လူအလစ်မှာတော့  ငါ့ဓာတ်ပုံကို ရွှတ်ခနဲမြည်အောင်နမ်းပြီး ရယ်နေလိမ့်မယ် တိတ်တခိုးလေး ဂျီးထူနေတဲ့မင်းကို ငါ ဖြီးဖြန်းပြီးပြောမယ် ချိန်းဆိုမှုတွေမှာ တိကျမှုတွေမပါ လွဲချော်မှုတွေဟာ ကြံရာမရလို့ ဖြစ်သလိုလုပ်ပေးလိုက်ရတာတွေချည်း လုပ်ကြံဖန်တီး ထားတဲ့ စမ်းသပ်မှုတိုင်းမှာ အရေးပါအရာရောက်တဲ့ သက်ရောက်မှုတွေရှိတယ် မနေ့ကပြီးသွားသော ကိစ္စများအား အမှန်ခြစ်ပါ အမြဲလောပြီး  အမှားလုပ်တတ်တဲ့ ခရုတကောင် အခွံ

၂၁ရာစုမှာ မင်းကိုဗဟိုပြုပြီး စဥ်းစားကာနေရဦးမယ့်* ကဗျာတပုဒ်

ပူရှိန်းရောင် မိုးကောင်းကင်ထက်မှာ ဝဲပျံနေသော ပျံလွှားငှက်များကို မမေ့အောင် လက်ခေါက်မှုတ်၍ ခေါ်ပါ  ခေါက်ရှာငှက်သည် ဝေဝါးနေသော အတိတ်အာရုံမှ ပေါ်ပေါက်လာတတ်ပြီး နာဠာဂီရိဆင်သည် နာမည်ဆိုးနှင့် ကျော်ကြားကြောင်း ပေါက်ပေါက်ဆုပ်စားပြီး ပြောပါ မေ့တတ်လို့ စဥ်းစားနေရတာမဟုတ်ပဲ မစဥ်းစားတတ်လို့ မေ့နေရသူဟာ ကိုယ်ပါ အားဆေးသောက်ပြီး အိပ်ရင် ခရီးဝေးသွားရမယ်လို့ အိပ်မက်မက်မယ် အိပ်ရာကနိုးလာတော့  ငါ့ရဲ့မေ့ဉာဏ်ထဲက လွတ်လပ်မှုပုံရိပ်တွေဟာ လဝန်းလေးနဲ့တူတဲ့မင်းကိုဗဟိုပြုပြီး အချိန်ယူ စဥ်းစားနေမိတယ် ငါထင်တဲ့အတိုင်းပဲ  ငါ့မှာ ပြောစရာဆိုလို့ ပြောစရာစကားလုံး မလုံလောက်တာပဲရှိပါတယ် မင်းရှေ့မှာ ငါ ဘယ်လောက်ပဲ သေးငယ်သွားပါစေ ငါ့မှာမင်းပဲရှိကြောင်း ကိုယ့်ချစ်သူကို ဒါပဲပြောပြောနေရတယ် မေ့ချင်နေတဲ့  ဟန်ဆောင်မှုတွေဟာ အပေါ်ယံတွေမပါပဲ မင်းကို စမ်းရေစီးသံလို အနမ်းတွေနဲ့ ကြိုနေမယ်  နောက်ဆုံးနေ့ရက်တွေမှာ အတူရှိနေပေးခဲ့တဲ့ ပုတ်သင်ညိုဟာ လက်တွေ့မှာ အရောင်ပြောင်းတတ်သလိုမျိုး  လိုအပ်နေတာက အနာဂတ်ထက် အတိတ်ကို မှန်အောင်ပြောနိုင်မယ့် ၂၁ ရာစုမှာ တော်တော်ပေါင်းရခက်တဲ့ ပူရှိန်းရောင်  ကောင်းကင်ယံနားက သက်တံ့ပေါ်မှာထိုင်နေတဲ့ လူတဦးက ဘယ်သူရွေးရွေး

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

တကယ်လို့ ငါ့မျက်နှာပုံတူ ပန်းချီကားပေါ်က မျက်ရည်စက်လက်နဲ့ သွေးကွက်တွေအစား ပန်းတွေ ပွင့်မလာတော့ဘူးဆိုရင်  ငါမရခဲ့တဲ့ တစုံတခုတွေအတွက် ယူကြုံးမရဖြစ်နေခြင်းတွေဟာ နောက်ဖေးလမ်းကြားမှာပဲ ထပ်ပြီးကျပျောက်မသွားဘူးဆိုရင်  မသေမရှင်ဖြစ်ပြီး ပျောက်သွားတဲ့ ငါ့ဇာတ်ကောင်ကို ကမ္ဘာလဆန်းတရက်မတိုင်ခင် တရက်တလိုက ဘားတခုမှာ ငါတွေ့ခဲ့ရင် ငါဟာ တော်တော်ပျော်မိမှာပဲ ငါဟာ ငါ့ရဲ့ပုံတွေထဲမှာ ငါ့ကိုယ်ငါ အပြုံးတွေနဲ့ အမြဲဝှက်ထားတတ်တဲ့အခါ ငါက အူကြောင်ကြောင်နဲ့ မင်းကို မော့ကြည့်နေခဲ့မိလိမ့်မှာပေါ့ ပြီးမှ သွေးအေးအေးနဲ့ မင်းရဲ့လည်မျိုကို ဓားနဲ့စိုက်မယ်  အဲ့အခါကျ မင်းကောက်ရတဲ့ ခဲခြစ်ကဒ်ပြားပေါ်က နာကျင်မှုတွေကို ရေရွတ်ပြီး ကြေကွဲမနေနဲ့တော့ အိပ်မက်ထဲကပင်လယ်ဟာ နာကျင်မှုတွေကို ပျော်ရွှင်မှုအဖြစ် အသွင်ပြောင်းပြီး ပလုပ်ပလောင်းနဲ့ မျိုချလိုက်တယ် ငါတို့နှစ်ယောက်ထဲက တယောက်ယောက်ရဲ့ ဘယ်ဘက်လက်ထဲမှာ ဒါမှမဟုတ် အခြားနေရာဒေသ တခုခုမှာရှိနေမယ်ဆိုရင်  ငါတို့ဘယ်သူနဲ့မှမတိုင်ပင်ပဲ တိတ်တဆိတ် လှိုင်းမူးနေကြမယ်  အဲ့အဖြစ်အပျက်တွေက ပင်လယ်ပြင်ပုံမှာပေါ်လာပြီး ငါ့ဆီကနေ မင်းဆီ တရွေ့ရွေ့လှော်ခတ်သွားတာဖြစ်တယ် အခုမလည်း ကြည့်ဦးလေ ငါစကားပြောတတ်စအရွယ်မှာ ငါ