မြူရဲ့သား
မြူတွေဟာ လောင်ကျွမ်းသွားပြီးတဲ့အခါ လေရဲ့ အမှုန့်ခြေပြီးတဲ့
စိန်တွေနဲ့ ကျွန်းတွေရဲ့အလွန်ကို မင်း ထာဝရ မြင်နိုင်လိမ့်မယ်
ဒါက ဒရာမာဆန်ဖို့ အဝေးကြီးပါ ငါ့မျက်လုံးတွေရဲ့နောက် မျက်ရိုးတွေရဲ့နားကို
တခုခုရောက်လာသလိုမျိုး နာကျင်လာတာဟာ ဘယ်လိုမှ မကောင်းဘူး
ငါ အဲ့ဒီနောက်မှာ မြူတွေ နောက် ထပ်ပြီး မီးမတောက်နိုင်တော့တဲ့ မြူတွေရှိနေတာကိုပဲ နှစ်သက်တယ်
ပြီးတော့ အဲ့ဒီမှာ အလင်းရောင်အတွက် ပြိုင်ဖို့မရှိ
မင်းရဲ့ရှယ်လီအတွက် ဘိုင်ရွန်မရှိ
မင်းရဲ့ အေသီနာအတွက် ဂျူနိုက ဖုံးကွယ်ထားတာမရှိ
မြေယာတွေ စုပေါင်းသိမ်းယူခြင်းအတွက် ကြီးကြီးမားမား ထုတ်ပြန်ချက်မရှိ
အတွေးပူပေါင်းတွေအားလုံးက ကွက်လပ်တွေ
မြူတွေ ငြင်းဆိုတာမစခင် ငှက်တွေတောင်မှ ငါးပေအတွင်း လုပ်နိုင်တာတောင်
သံစုံတီးဝိုင်းအဖွဲ့ဟာ မလေ့ကျင့်နိုင်
မိဘမဲ့ကျောင်းရဲ့ ပြတင်းပေါက်ဘောင်ပေါ်က ယင်ကောင်အသေတွေလို
ငါတို့အားလုံးက သေခြင်းရဲ့အသံထဲက အစေ့တွေ
မြူနဲ့တူတဲ့ ဘုရားလောင်းကို ကောက်မပြီး လှုပ်လိုက်တယ်
ထူးထူးဆန်းဆန်း မြူက ရယ်တယ် ပြီးတော့ သူ့ခြေထောက်တွေနဲ့ပဲ ပြန်ကစားတယ်
စိတ်ပျက်ဖို့ကောင်းတဲ့ အေးစက်ခြင်းနဲ့ အထီးကျန်ခြင်းကို ငါ ခံစားရလိုက်ပြီးတဲ့နောက် မြူက ငါ့မျက်ရည်နဲ့ စာရွက်တွေဖြစ်သွားတယ်
ငါ့ခွေးက မြူဖြစ်သွားပြီး ငါ့လက်ပေါ်က ပလတ်စတစ်အိတ်ထဲ မစင်ပါချတာကို ငါ့မှာရွေ့လို့မရ
စိတ်ထဲက အကြံအစည်တွေနဲ့ တုန့်ပြန်ပေမယ့် အဲ့ဒီအကြံအစည်တွေကပဲ နောက်ထပ် ခံစားမှုတွေ ထပ်ဖြစ်ရတယ်
စိတ်ပျက်ဖို့ကောင်းတဲ့ အရှုပ်ထုပ်ပဲ
ငါတို့က မေးသမျှ ပြန်မဖြေတဲ့ အစက်တစ်စက်ရဲ့ အစွန်းပေါ်မှာ ရပ်နေကြတယ်
မြူဟာ ငါတို့ရဲ့ တဦးတည်းသော သူငယ်ချင်းဖြစ်ပေမယ့် မြူက ပုဇွန်ဖမ်းတဲ့သင်္ဘောပေါ်က ငရဲပဲ
အဲ့ဒီမှာ အဲ့ဒီမှာလို့ မြူက ပြောတယ်
ဘယ်မှာလဲ ဘယ်မှာလဲ မင်း ဘာတခုမှမမြင်နိုင်တော့ဘူး
Comments
Post a Comment