သူအားမငယ်ဖို့
(၁)
သူ တစ်ယောက်တည်း
ဒီအချိန်ဆို ပျင်းနေရော့မယ်
စာအုပ်တွေနဲ့ အဖော်ပြုပါ အားယူပါ
Bunny Phyoe သီချင်းတွေ နားထောင်ပါ
အားငယ်စိတ်တွေဖျောက်ပါ
ပြင်ပဆက်ဆံရေးလည်း ရှိပါစေ ။ ။
(၂)
ဝါသနာနောက်လိုက်ပါ
အောင်မြင်မှုနောက် မလိုက်ပါနဲ့
တစ်ချိန်ချိန်မှာ ပြန်လှည့်ကြည့်ရင်
နောင်တမရအောင် ကြိုးစားပါ
အချစ်ဆိပ်မတက်အောင် နေပါ
အငုံ့စိတ် မထားပါနဲ့
အပျော်မလွန်ပါစေနဲ့ ။ ။
(၃)
ကားလမ်းမကြီးရဲ့ တစ်နေရာကနေ
ဒီစာကို ကျနော်ရေးတယ်
ရှင်သန်နေသမျှ ကာလပတ်လုံး
သူ မျှော်လင့်သမျှ ဖြစ်နိုင်တယ်
သူ ကျန်းမာရေး ဂရုစိုက်ပါ
အိပ်ရေးမပျက်စေနဲ့
ပါးလေးတွေ ဖောင်းနေပါစေ
သူ ဘာကိုမှ မကြောက်ပါလေနဲ့
ခွန်အားတွေကို စာတွေကနေ ရယူပါ
ဖြစ်ပြီးသမျှကို သင်ခန်းစာနဲ့
အတွေ့အကြုံအဖြစ် ပြောင်းပါ ။ ။
(၄)
စိတ်ထဲကနေ ဟိုဟိုဒီဒီ
အများကြီး လျှောက်မတွေးပါနဲ့
စိတ်ညစ်စရာ Stress တွေ ဖယ်ပါ
Relax လုပ်ပါ
ပေါ့ပေါ့ပါးပါးနေပါ ။
သကြားလုံးကြိုက်တဲ့ ကလေး
စာအုပ်ကြိုက်တဲ့ ကလေး
သီချင်းကြိုက်တဲ့ ကလေး
ကလေး ကလေး
ကြည်နူးစရာကလေးပေါ့ ။
ဖြစ်ရပ်တိုင်းမှာ
အကောင်းဆုံး နေထိုင်ပါ
ကိုယ် ပျော်မယ်ထင်တာတွေကို
သတိလေးနဲ့ ချိန်ထိုးစဉ်းစားပါ ။
ကိုယ်ကြိုက်တဲ့
မင်းခိုက်စိုးစန်ရဲ့
မော်ဒန် ကဗျာတွေထဲကလို
မင်းကိုယ် မင်း ဂရုစိုက်တာဟာ
ကိုယ့်ကို ချစ်ရာရောက်ပါတယ် ။ ။
(၅)
ဘုရားတရား ရိုသေကိုင်းရှိုင်းပါ
မတည့်တဲ့အစားအစာတွေ ရှောင်ပါ
ကိုယ်စိတ်နှလုံး သုံးပါးစလုံးမှာ
မြန်မာဆန်ပါ ။
အတတ်နိုင်ဆုံး
ဘယ်အရာကိုမှ သိပ်မခံစားပါနဲ့
ပေါ့ပျက်ပျက်လည်း မနေပါနဲ့
အရာရာကို စိတ်ပါလက်ပါ
အလေးထားပါ ။
ကိုယ် ရင်ထဲကနေ ထွက်ကျလာတဲ့
စကားလုံး အစီအရီလေးတွေကို
ဒီလို တခုတ်တရ ဖတ်ပေးလို့
ဝမ်းသာပီတိဖြစ်မိတယ်
နောင်လည်း ဆက်ရေးနေဦးမယ် ။ ။
(၆)
Need နဲ့ Essential
ကွဲကွဲပြားပြား သိပါစေ
Dream နဲ့ Reality
ထပ်တူကျပါစေ
အတ္တနဲ့ ပရ မျှပါစေ ။
Self Acceptance ရှိပြီးသားသူ
တစ်ယောက်အနေနဲ့
Self Confident ရှိအောင်လည်း
ကြိုးစားပါ
Over Confident လည်း
မဖြစ်ပါစေနဲ့ ။
တစ်နေ့ကို အနည်းဆုံး
စာအုပ်တစ်အုပ် ဖတ်ပါ
စာတစ်ခါ ဖတ်ပြီးတိုင်း
၁၀ မိနစ် အနားပေးပါ
သက်တောင့်သက်သာ ရှိပါစေ ။ ။
(၇)
သူ အမြဲ Active ဖြစ်ပါစေ
သူ အမြဲ ထက်မြက်ပါစေ ။
မင်းပျော်ရွှင်ဖို့အတွက် ရယ်ရတဲ့
Joker တစ်ကောင် ငါ ဖြစ်ပါရစေ ။
အလုပ်လုပ်ရင်
အလှမ်းကျယ် အလယ်လတ်
မဖြစ်ပါစေနဲ့ ။
ဘယ်သူ ဘာလုပ်လုပ် မလုပ်လုပ်
ကိုယ့်ကိုယ်ကိုပဲ ပြန်ဆင်ခြင်ပါ မြတ်
မနေ့က ကိုယ်နဲ့
ဒီနေ့ ကိုယ် ပြန်ပြိုင်ပါ ။
ကိုယ် လုပ်ခဲ့တာတွေ ကူညီခဲ့တာတွေကို
အမြဲ ဂုဏ်ယူတတ်ပါစေ
နာမည်မယူမိပါစေနဲ့ မြတ် ။ ။
(၈)
မုန်းပစ်ဖို့ မေ့ပစ်ဖို့ ကြိုးစားခဲ့ကြဖူးပေမယ့်
မသိစိတ်များမှာ ချစ်သောစိတ်များက
အတူ ကပ်ပါလာခဲ့တယ် ။
ရင်းနှီးမှု အတင်းအကျပ် လုပ်ယူဖို့
ကြိုးစားခဲ့ဖူးတာ
ကိုယ် ရိုးသားစွာ ဝန်ခံတယ်
သို့သော် …
သူရဲ့ သာမန်အသိအမှတ်ပြုမှုလေး တစ်ခုမှာပဲ
တရှိုက်မတ်မတ်နဲ့ ကိုယ်ဟာကျဆုံးတယ် ။
ပြတ်သားမှုတစ်ခုဟာ
ရင်းနှီးစွာ ဆက်ဆံရေးမှာ
အဓိက ကျတယ် ။
အချိန်တစ်ခု ပေးထားခဲ့ခြင်းဟာ
သူ လွတ်လပ်စွာ ပျံသန်းစေဖို့ဖြစ်တယ်
ချစ်နေတယ်ဆိုတာလေး
သူသိသွားရုံတင်
ကမ္ဘာတစ်ခုလုံးကို ကိုယ်ပိုင်တယ် ။ ။
(၉)
ကိစ္စတစ်ခုကို
အတွင်းကျကျမသိသူများရဲ့
အပြောတစ်ခုအောက်မှာ
ကိုယ်ဟာ
ရက်စက်တဲ့လူ တစ်ယောက်
ဖြစ်မှန်းမသိ ဖြစ်သွားခဲ့တယ် ။ ။
(၁၀)
ထင်းရှုးရယ်
လာဗင်ဒါပန်းခင်းကြီးရယ်
ပန်းနှမ်းခင်းကြီးရယ်
တောင်တန်းကြီးတွေနဲ့အတူ
ကလောမြို့ကြီးရယ်
ဖြစ်မလာသေးတဲ့ စိတ်ကူးယဉ်ဆန်ဆဲ
ဝိုးတဝါး ကိုယ့်အိပ်မက်တွေရယ် … ။ ။
မင်းသော်စိုး
Comments
Post a Comment