Posts

ငါ့ရဲ့အတိတ်နဲ့ အနာဂတ်က ကြေးစားလူသတ်သမားအတွက် အမေရိကန်ဆွန်းနက် (အကျဥ်းထောင်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အမေရိကန်ဆွန်းနက်ထဲမှာ မင်းကိုငါ ပိတ်ထားမယ်)

Image
အကျဥ်းထောင်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အမေရိကန်ဆွန်းနက်ထဲမှာ မင်းကိုငါ ပိတ်ထားမယ် အိမ်ရဲ့ အခန်းလေးထဲ မီးတောက်တွေရှိနေတဲ့ ကြောက်စရာကောင်းတဲ့ အဝတ်ဗီရိုထဲမှာ မင်းကိုငါ ပိတ်ထားမယ် အရိုးထဲကနေ တေးဆိုနေတဲ့ငှက်နဲ့ မင်းကိုခွဲထားဖို့ သီချင်းသံကြားရမယ့် သေတ္တာလေးနဲ့  အသားကြိတ်စက်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပုံစံတစ်ခုထဲမှာ မင်းကိုငါ ပိတ်ထားမယ် ငါက မင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အိပ်ရင်း အိပ်မက်ပိုမက်ဖို့ လှုံ့ဆော်တဲ့သူကို ထိန်းခိုင်းထားချိန်မှာ  ပိုတော်တဲ့ မင်းက ကိုယ့်ကိုယ်ကို ခုံတန်းလေးကနေ ပြန်ကြည့်နေမယ် ငါ မင်းကို အဲ့ဒီမှာ ဂျင်မ်ဆော့ခိုင်းရင်းနဲ့ ကျီးကန်းအဖြစ် ဖန်တီးမယ် ကျီးကန်းတကောင်လို မင်းက  ဂျင်မ်ရဲ့အရိပ်ထဲမှာ လှပတဲ့ ခံစားချက်ဖွင့်ထုတ်ရင်း တညလုံး ထောင်ချောက်မိတာကို ကြုံရမယ် ဂျင်မ်အတွက်တော့  သောက်ကျီးကန်းရဲ့ခံစားချက်က မင်းရဲ့ ကြမ်းပြင်တွေပေါ်ကို ကျလာတာက  စိတ်အာရုံတွေစုစည်းထားတဲ့ မင်းရဲ့နံရံပေါ်က ပိုစတာတွေကနေ ကြယ်တွေကြွေကျလာသလိုမျိုးနဲ့တော့ မတူဘူး ငါ မင်းကို ငှက်တကောင်ရဲ့နှလုံးသားထဲက မှောင်မိုက်ခြင်းတွေပြည့်နေတဲ့ သေတ္တာတလုံးအဖြစ် ဖန်တီးမယ် နောက်ပြီး အကွန်းစတစ်တေးသံတွေ ...

ငါ့ကလေးရဲ့ ပထမဆုံးမွေးနေ့

Image
ငါ့အမေမှာ ယောနိနှစ်ခုရှိတယ် တခုက ငါ့ကို မွေးဖို့အတွက်နဲ့ နောက်တခုက ငါ့ကိုထိန်းသိမ်းထားဖို့အတွက် ပထမယောနိထဲမှာ ငါ့မှာ နာမည်နှစ်ခုရှိတယ် ငါ့ကိုငါပေးထားတဲ့နာမည်နဲ့ ငါ့ကိုတခြားသူတွေကပေးထားတဲ့နာမည် ငါ့ယောနိမှာလည်း နာမည်တစ်ခုရှိတယ် အဲ့ဒီနာမည်ကို မေ့သွားတာက ရာသီဥတုက ပြောင်းသွားလို့ ရာသီဥတုပြောင်းသွားတာ ဘုရားသခင်ကြောင့်ဆိုတာ အသိသာကြီးပဲ ငါတို့က လူမှုပတ်ဝန်းကျင်အနေနဲ့ ငါ့တို့ရဲ့ ဒီယောနိတွေကို နာမည်ပေးတာ ရပ်ခဲ့တယ် နည်းလမ်းအဟောင်းတွေက အချို့နည်းလမ်းတွေအသစ်ပြန်ဖြစ်လာအောင် ပြုလုပ်တယ် ဒီကမ္ဘာမှာ ငါတို့မြုပ်နှံတဲ့ အဟောင်းတွေထဲ သူတို့ရဲ့ ကလေးခန္ဓာကိုယ်တွေရဲ့နေရာမှာပဲ  ဒီလိုနဲ့ ငါတို့အိပ်စက်ခြင်းအသေတွေဆီကနေ နိုးထလာချိန်မှာ ငါတို့က တောက်ပတဲ့ ကြယ်သေးသေးလေးတွေ ဖြစ်လာလိမ့်မယ် သေခြင်းတရားဟာ ကမ္ဘာဆီဆို့ သေခြင်းတရားဟာ အချစ်ဆီသို့ ငါတို့ရဲ့ ဆယ်ကျော်သက် ဘုရားသခင်အသေးစားလေးတွေ ဖန်တီးတဲ့အချိန်မှာ  သူတို့ယောနိတွေက အတင်းအကြပ်ဖက်ထားတာက  ဒီကမ္ဘာဟာ ငါတို့ ထာဝရမနေသည့်တိုင်အောင် ငါတို့အတွက်  တကယ့်အစစ်အမှန် လုပ်ထားတာပဲလို့ ငါတွေးတယ် ငါတို့ တခြားသူတွေကို ဘယ်လိုပြောရမလဲဆိုလည်း မသိဘူး သူတို့အမေတွေရဲ့ မှော...

My Podcast Link

My Podcast on these site - Google Podcasts https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy9hZmIxYzI0L3BvZGNhc3QvcnNz Spotify https://open.spotify.com/show/6JqgIY1ld2NqUVHr1vSpsI Anchor  https://anchor.fm/myozawlynn Breaker https://www.breaker.audio/poems-10 Pocketcasts https://pca.st/cak6ry7r Radiopublic https://radiopublic.com/poems-GKBxrv

နိုင်ငံတော်သီချင်းအသစ်တစ်ပုဒ်

Image
တကယ်တမ်းကျ ငါက နိုင်ငံတော်သီချင်းဆိုတာကို ဘယ်တုန်းကမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး မင်းလည်း နိုင်ငံတော်သီချင်းအကြောင်းကို တွေးနေရင် အဲ့ဒါက သီချင်းကောင်းတစ်ပုဒ်မဟုတ်ဘူး ငါတို့အများစုအတွက် ဒုံးကျည်က မီးရှူးတွေလိုပဲ အရမ်းမြင့်လွန်းနေတယ် ပြီးတော့ အဲ့ဒီမှာ ဗုံးတွေရှိတယ် (အမြဲတမ်း အမြဲတမ်း ၊ အဲ့ဒီမှာ စစ်ပွဲနဲ့ ဗုံးတွေပဲရှိတယ်) တစ်ခါက ငါ အဲ့ဒီနိုင်ငံတော်သီချင်းကို အထက်တန်းကျောင်းက တီးဝိုင်းမှာ ဆိုခဲ့ပြီးတာတောင်မှ အိမ်ပြန်တဲ့အထိ ဆိုနေခဲ့တုန်းပဲ တကယ်တမ်းကျ အဲ့ဒီသီချင်းက ဘာကိုမှဆိုလိုတာမဟုတ်ဘူး လူငယ်တွေ မရပ်မနား မတော်လှန်ခင် တခုခုမစခင် လယ်ကွင်းထဲ ခေါ်လိုက်တာပဲ ဒီသီချင်းရဲ့ ဘယ်အပိုဒ်ကို ငါတို့တွေ လုံးဝမဆိုတာလဲ သီချင်းတတိယပိုဒ်မှာ ရေးထားတာက "ဘယ်ဒုက္ခသည်တွေမှ ကျွန်တွေကို ပိုက်ဆံချေးပြီး မကယ်နိုင်ဘူး" ဆိုတာမလား တကယ်တမ်း ဖြစ်နိုင်တာက  ဒီနိုင်ငံရဲ့ သီချင်းတိုင်းမှာ မဆိုကြတဲ့ တတိယအပိုဒ် တပိုဒ်စီရှိတယ် ငါတို့အားလုံး နိုင်မယ်လို့ မျှော်လင့်ရင်း ငါတို့ မျက်လုံးမှိတ်ပြီး ဒီသီချင်းရဲ့ အမြင့်သံတွေဆိုလိုက်တိုင်း အောက်ခြေကို ဘီယာတွေ စီးဆင်းသွားတယ်  ငါတို့ရဲ့အောက်ခြေမှာ ဒုက္ခပေးမယ့်မြွေဆိုးတချို့လည်း ရှိနေတ...

ဘယ်ဟာက ဘာအတွက် တိရစ္ဆာန်ရုံလဲ

Image
တိရစ္ဆာန်ရုံဆိုတဲ့ စကားလုံးက တိရစ္ဆာန်ရုံအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ရေတံခွန်က ရေအတွက် တိရစ္ဆာန်ရုံဖြစ်တယ် သီချင်းက အသံအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ဟာမိုနီကာက  နီးလ်ယန်းရဲ့ အသက်ရှူထုတ်သံပြင်းပြင်းအတွက် တိရစ္ဆာန်ရုံဖြစ်တယ်                ယောနိက မွေးကင်းစ ကလေးအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ကလေးလေး၊ သမီးလေးက ယောနိအတွက် တိရစ္ဆာန်ရုံဖြစ်တယ် နှင်းဆီပန်းက နှင်းဆီရနံ့အတွက် တိရစ္ဆာန်ရုံဖြစ်တယ် နှင်းဆီရနံ့က နှင်းဆီပန်းရဲ့ လှောင်ချိုင့်ထဲမှာပဲ ထိန်းသိမ်းခံထားရ တိရစ္ဆာန်ရုံအစောင့်က အဲ့ဒီပေါ်  သွေးထွက်လက်စ တခုခုကို ပစ်ချလိုက်တယ် အဲ့ဒီ သွေးထွက်နေတဲ့ တခုခုနဲ့ မလောက်တော့လို့ လမ်းလျှောက်တတ်ခါစ  ကလေးလေးတစ်ယောက်က နှင်းဆီပန်းရဲ့ လှောင်ချိုင့်ပေါ် ပြုတ်ကျသွားပြီး တကိုယ်လုံး အစားခံလိုက်ရတယ် သူ့နာမည်က  ရေးလ်ခီ စာရွက်တိုင်းမှာ သူ့နာမည်ရှိတယ် ထင်းရှူးသေတ္တာအသေးလေးက အခု သူ့အတွက် တိရစ္ဆာန်ရုံဖြစ်သွားပြီ             စာရွက်တွေ အားလုံးထဲမှာ အဲ့ဒါကို ပြောကြတယ် ပြီးလည်းပြီးရော ကလေးတွေအားလုံး အဲ့ဒီလိုပဲ အကုန် လိုက်လုပ်ကြ ခရမ်းရောင်ရနံ့တွေ အ...

မြူရဲ့သား

Image
မြူတွေဟာ လောင်ကျွမ်းသွားပြီးတဲ့အခါ လေရဲ့ အမှုန့်ခြေပြီးတဲ့ စိန်တွေနဲ့  ကျွန်းတွေရဲ့အလွန်ကို မင်း ထာဝရ မြင်နိုင်လိမ့်မယ် ဒါက ဒရာမာဆန်ဖို့ အဝေးကြီးပါ  ငါ့မျက်လုံးတွေရဲ့နောက် မျက်ရိုးတွေရဲ့နားကို  တခုခုရောက်လာသလိုမျိုး နာကျင်လာတာဟာ ဘယ်လိုမှ မကောင်းဘူး  ငါ အဲ့ဒီနောက်မှာ မြူတွေ နောက် ထပ်ပြီး မီးမတောက်နိုင်တော့တဲ့ မြူတွေရှိနေတာကိုပဲ နှစ်သက်တယ် ပြီးတော့ အဲ့ဒီမှာ အလင်းရောင်အတွက် ပြိုင်ဖို့မရှိ မင်းရဲ့ရှယ်လီအတွက် ဘိုင်ရွန်မရှိ မင်းရဲ့ အေသီနာအတွက် ဂျူနိုက ဖုံးကွယ်ထားတာမရှိ  မြေယာတွေ စုပေါင်းသိမ်းယူခြင်းအတွက် ကြီးကြီးမားမား ထုတ်ပြန်ချက်မရှိ အတွေးပူပေါင်းတွေအားလုံးက ကွက်လပ်တွေ မြူတွေ ငြင်းဆိုတာမစခင် ငှက်တွေတောင်မှ ငါးပေအတွင်း လုပ်နိုင်တာတောင် သံစုံတီးဝိုင်းအဖွဲ့ဟာ မလေ့ကျင့်နိုင် မိဘမဲ့ကျောင်းရဲ့ ပြတင်းပေါက်ဘောင်ပေါ်က ယင်ကောင်အသေတွေလို  ငါတို့အားလုံးက သေခြင်းရဲ့အသံထဲက အစေ့တွေ မြူနဲ့တူတဲ့ ဘုရားလောင်းကို ကောက်မပြီး လှုပ်လိုက်တယ် ထူးထူးဆန်းဆန်း မြူက ရယ်တယ် ပြီးတော့ သူ့ခြေထောက်တွေနဲ့ပဲ ပြန်ကစားတယ် စိတ်ပျက်ဖို့ကောင်းတဲ့ အေးစက်ခြင်းနဲ့ အထီးကျန်ခြင်းကို ငါ ခံစားရလိုက်ပြီးတဲ့နေ...

08082020

မဟုတ်တာ လုပ်မယ်ကြံတိုင်း စော်တွေပဲ အာရုံလာတဲ့ဘဲတစ်ပွေ အသက်အောင့်ပြီး မနေနိုင်တော့တဲ့ ကိန်းဂဏန်းများ ငယ်ငယ်တုန်းကလို လက်ညှိုးနဲ့ လက်ခလယ်ကိုပူးပြီး သေနတ်ပစ်တဲ့ပုံစံလုပ်တိုင်း "အား" လို့ အကျယ်ကြီးအော်ပြီး သေပေးရ လူသားစား တိတ္ထိတွေ ဘာလုပ်လုပ် ခွင့်ပြုချက်မလိုဘူးဆိုတာကြားတိုင်း လူတွေက ထထရယ်ကြ ပျောက်နေတဲ့ သက္ကရာဇ်တွေကြား ဘယ်တော့မှ ပြန်မလာနိုင်တော့သူတစ်ယောက်က သတိရတိုင်း လျှာအရှည်ကြီး ထုတ်ထုတ်ပြတာကို မြင်အောင်ကြည့် ကိုယ်တိုင်လုပ်ထားတဲ့ အသားကင်တွေကို မြိန်ရေရှက်ရေစားပြ ဘယ်တော့မှ မနီးသေးလည်း ဘယ်လောက်မှ မဝေးတော့ဘူးလို့ အကျယ်ကြီးအော်ငို # 08082 k20 #YTULA