ဘယ်ဟာက ဘာအတွက် တိရစ္ဆာန်ရုံလဲ

တိရစ္ဆာန်ရုံဆိုတဲ့ စကားလုံးက တိရစ္ဆာန်ရုံအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ရေတံခွန်က ရေအတွက် တိရစ္ဆာန်ရုံဖြစ်တယ် သီချင်းက အသံအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ဟာမိုနီကာက နီးလ်ယန်းရဲ့ အသက်ရှူထုတ်သံပြင်းပြင်းအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ယောနိက မွေးကင်းစ ကလေးအတွက် တိရစ္ဆာန်ရုံဖြစ်တယ် ကလေးလေး၊ သမီးလေးက ယောနိအတွက် တိရစ္ဆာန်ရုံဖြစ်တယ် နှင်းဆီပန်းက နှင်းဆီရနံ့အတွက် တိရစ္ဆာန်ရုံဖြစ်တယ် နှင်းဆီရနံ့က နှင်းဆီပန်းရဲ့ လှောင်ချိုင့်ထဲမှာပဲ ထိန်းသိမ်းခံထားရ တိရစ္ဆာန်ရုံအစောင့်က အဲ့ဒီပေါ် သွေးထွက်လက်စ တခုခုကို ပစ်ချလိုက်တယ် အဲ့ဒီ သွေးထွက်နေတဲ့ တခုခုနဲ့ မလောက်တော့လို့ လမ်းလျှောက်တတ်ခါစ ကလေးလေးတစ်ယောက်က နှင်းဆီပန်းရဲ့ လှောင်ချိုင့်ပေါ် ပြုတ်ကျသွားပြီး တကိုယ်လုံး အစားခံလိုက်ရတယ် သူ့နာမည်က ရေးလ်ခီ စာရွက်တိုင်းမှာ သူ့နာမည်ရှိတယ် ထင်းရှူးသေတ္တာအသေးလေးက အခု သူ့အတွက် တိရစ္ဆာန်ရုံဖြစ်သွားပြီ စာရွက်တွေ အားလုံးထဲမှာ အဲ့ဒါကို ပြောကြတယ် ပြီးလည်းပြီးရော ကလေးတွေအားလုံး အဲ့ဒီလိုပဲ အကုန် လိုက်လုပ်ကြ ခရမ်းရောင်ရနံ့တွေ အ...