သူအားမငယ်ဖို့
(၁၁) သူ့အတွက်ဆို လိုအပ်သမျှ အမြဲဖြည့်ဆည်းပေးချင်သူ သူ့အတွက်ဆို အမြဲ အလျှော့ပေးပြီးသား ဖြစ်နေတဲ့သူ သူ့ဘက်ကပဲ ဘာမဆို ကိုယ်ဟာ အမြဲရပ်တည်ပေးချင်တဲ့သူ … ။ အမြင့်ကို သိပ်မကြည့်ပါနဲ့ အရှေ့ကိုသာ ဆက်ဆက်ကြည့်ပြီး လျှောက်ပါ သိပ်လှတဲ့ကမ္ဘာတစ်ခုက မင်းကို စောင့်ကြိုနေမှာ ။ ဘာကိုမဆို ရပ်စောင့်နေတာဟာ မှားယွင်းတဲ့အယူအဆတစ်ခု အရာအားလုံးက ဆက်သွားနေကြရမှာပဲ ။ မခံချင်စိတ်ကို အကောင်းဆုံးနေရာမှာ အငုံ့စိတ်အစား အသုံးချပါ ။ ကိုယ်ဟာ သူ အားငယ်နေချိန်တိုင်း အနီးနားမှာ အားပေးမယ့် မကောင်းမှုတွေ ဖယ်ခွာ ကောင်းမှုတွေ ညွှန်ပြပေးချင်တဲ့ ဟိုးကောင်းကင်ဘုံနားက တမာန်တော်တစ်ပါးလိုမျိုး ။ သူ့ကို သတိရချိန်တိုင်း တရားဝင် ဖုန်းဆက်ပိုင်ခွင့်လေး ပေးသနားပါ ။ သူ အားမငယ်ဖို့ အပိုဒ်ခွဲတစ်ခု ဖတ်ရတဲ့အချိန်တိုင်း ခွန်အားတစ်ခုရပါစေလေ ။ ။ (၁၂) စာအုပ်တွေကို သူနဲ့ ဆုံစည်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တယ် … ။ ကိုယ်ဟာ ပျော်စရာကိုသာ ဝေမျှချိန် သူ့ကိုလည်း ကိုယ့်ကြောင့် ပျော်နေစေချင်တယ် သို့သော် … သူ့မှာလည်း မာနလေးနဲ့ ။ ရွှေဝါရောင် ဆံနွယ်လေးတွေကြားက မျက်ဝန်းလေးထဲမှာ သူ မဝံ့မရဲဖြစ်နေတာလေးတွေ ကိုယ် မြင်နေရတယ် ။ သူ ကြိုက်တတ်တဲ့အရာလေးတွေ ကိုယ်ပြင်ဆင်နေတ...