ညီမလေးသို့ ..
(၁) ညီမလေးရေ ဘဝဟာ ထင်သလောက် မလွယ်ဘူး … ။ အောင်မြင်မှုတွေ ရှိမယ် ဒီလိုပဲ ရှုံးနိမ့်မှုတွေလည်း ရှိမယ် ။ အခက်အခဲတွေဟာ အောင်မြင်မှုရဲ့ အစပဲ ညီမလေးရေ … ။ အောင်မြင်မှုကို မမျှော်လင့်ပါနဲ့ ဖြစ်ရပ်တိုင်းမှာ အကောင်းဆုံးနေပါ ကြိုးစားပါ ။ (၂) ညီမလေးရေ … အကိုတို့ လူတွေဘဝမှာ လူတွေကို အထင်ကြီးစရာလည်း မလိုဘူး … အထင်သေးစရာလည်း မလိုဘူး … ။ သဘောထား သေးသိမ်စရာလည်း မလိုဘူး တစ်ခုပဲ … ညီမလေး ကိုယ့်မာနကို မထိခိုက်လာသရွေ့ အတတ်နိုင်ဆုံး သဘောထားကြီးတတ်ရတယ် ဒါ နုံအတယ်လို့မခေါ်ဘူး ရင့်ကျက်ခြင်း တစ်မျိုးပဲ ညီမလေး … ။ (၃) ညီမလေးရေ … ဒီနေ့ကစပြီး ကိုယ်လုပ်ချင်တဲ့ ကိစ္စတစ်ခုကို နည်းနည်းချင်းစီ ပုံမှန်စလုပ်ရမယ် … ။ ညီမလေးရေ … ဖြစ်ချင်တာ မဖြစ်သေးခင်မှာ ဖြစ်သင့်တာနဲ့အတူ ဖြစ်ချင်တာကိုပါ တစ်ပါတည်း ခေါ်သွားပါ ပုံရိပ်ကို အကောင်းဆုံးဖော်ပါ ။ ညီမလေးရေ … ကိုယ့်မှာ အရည်အချင်းပြည့်ဝထားပါမှ သူတစ်ပါးကို ကူညီနိုင်မှာပါ … ။ ညီမလေးရေ … အဓိက ပထမဆုံး ကိုယ့်ကိုယ်ကို ဘဝဝမ်းစာ ပညာပါရမီ အရင်ဖြည့်ပါ နောက် စိတ်ထားတတ်ဖို့ စိတ်ထားလှဖို့ စိတ်အဟာရဖြည့်ပါ ။ (၄) ညီမလေးရေ … လူတွေမှာ ဘဝဆိုတဲ့...